ညခင်း ရဲ့ အတွေးနှင့် အရေး

ညခင်းရဲ့ စိတ်ခံစားမှု များကို ဖော်ထုတ်ခြင်း၊

ညခင်း ဖတ်ဖူးခဲ့တဲ့ ဆောင်းပါးလေး အကြောင်းပြောပြမယ်နော်…….
နေ့တိုင်းပဲ တွေ့ကြုံရင်ဆိုင်နေရတာတွေကို ကိုယ်တွေ့က ခံစားမှု အမျိုးမျိုးနဲ့တုန့်ပြန်နေကြရတာပါ။ စိတ်လှုပ်ရှားမှုရှိမယ်။ စိုးရိမ်စိတ် ဖြစ်မယ်။ဒေါသထွက်မိမယ်။ စိတ်ချမ်းသာပျော်ရွှင် ရမယ်။ အပြစ်ရှိသလို ခံစားမိမယ် အဲသလို အမျိုးမျိုးပေါ့။ ဒီလို တုံပြန်တတ်တဲ့ အပေါ်မှာ မူတည်ပြီး ကိုယ်ဟာဘယ်လိုလူလဲဆိုတာ အကဲဖြတ်လို့ ရပါတယ်တဲ့၊ ကြုံလာရတဲ့ အခြေအနေတွေပေါ်မှာ ကိုယ်က ဘယ်လိုတုံ့ပြန်သလဲဆိုတာ သိခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် လည်း ပိုပြီး သိလာရပါတယ်…

ညခင်း ဆိုရင် အဲဒီဆောင်းပါးလေး မှာပါတဲ့ မေးခွန်းလေး တွေကို ဖြေဆို ကြည့်ပြီး…စိတ်ခံစားမှု အားသာချက်၊ အားနည်းချက်များကို သိခဲ့ရပါတယ်….

စိတ်ခံစာမှုအားသာချက်ကတော့….ကိုယ်ကအေးဆေးသမားမျိုးပါ…ကိုယ့်အကြောင်း ကိုယ်သိတဲ့ အတွက် တော်ရုံပြဿနာလောက်ဆို ရင် အလွယ်ကလေးနဲ့ဖြေရှင်းလိုက်နိုင်ပါတယ်…အခက်အခဲ ရှိရင်လည်း တည်တည်ငြိမ်ငြိမ် နဲ့ကျော်လွားနိုင်ပါတယ်။ တခြား လူတွေ စိတ်ဆိုး ဒေါသထွက်နေတယ်ဆို ရင်လည်း မျှမျှတတနဲ့ သူတို့ စိတ်ပြေအောင် ဖြောင်းဖျပေးချင်တဲ့ ဆန္ဒ ရှိတတ်တယ်တဲ့။ဒီလို မျှမျှတတ ရှိတာရယ်၊ ဇ၀န ဥာဏ် ရှိတာရယ်ကြောင့် ဘယ်တော့မှ မိတ်ဆွေမဲ့ ဘ၀မျိုးကို မရောက်ပါဘူးတဲ့…..

စိတ်ခံစားမှုအားနည်းချက် ကတော့….သူများတွေ အကူအညီလို တဲ့အချိန်မှာ ကိုယ်က အမြဲ အဆင်သင့်ဖြစ်နေတတ်ပေမဲ့ ကိုယ်က အကူအညီလိုတဲ့ အခါမျိုးမှာတော့ နှုတ်မရဲဘူး ဖြစ်နေတတ်ပါတယ်။ ကိုယ့်ရဲ အခက်အခဲတွေ၊ မိသားစုရဲ့ အခက်အခဲတွေကို ကိုယ်နဲ့ အကြောင်းသိ မိတ်ဆွေကို တောင်မှ ဖွင်ပြောဖို့ စနိုး စနောင့် ဖြစ်နေတာမျိုး ခံစားရတတ်ပါတယ်။ ဒီတော့ အကူအညီ လည်းမရတော့ဘူးပေါ့။ ရလဒ် အနေနဲ့ကတော့

အန္တာရာယ်တွေကို လျစ်လျူပြုပြီး အားလုံး အဆင်ပြေနေယောင်ဆောင်နေရတဲ့ အဖြစ်မျိုးရောက်ရတတ်ပါတယ် တဲ့…..စိုးတယ်နော်…ပြုပြင်ရဦးမှာပါ….

1 comments:

လမင်း said...

မှန်တယ်တီလေး ပြုပြင်လိုက်တော့ 
အဲဒါမှ ကောင်းမှာ
အားပေးတာ တူလေး

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere