နွေရင်ခွင်ထဲ ကြွေတဲ့….ကိုယ်


ရသေ့ သူတော်တိုင်မှ

ဥာဏ်မခိုင် ဈာန်ယိုင် လျှောရသတဲ့။

ကဲ……

တောင်ပြန်လေရှုး က

ကိုယ့်ကို ဦးဦးဖျားဖျား ခိုးနမ်းသွားခဲ့ပြီ။

ကံကော်ကို ချစ်တဲ့သူတွေ

ပိတောက်ကို ချစ်တဲ့သူတွေ

ငုကို မှ ချစ်တဲ့သူတွေ

ကိုယ်ကတော့

အဲဒီ ပန်းပွင့် ကလေးတွေ အားလုံး

ပါဝင် ထုံမွှမ်းထားတဲ့

နွေကို ချစ်တယ်။

လွမ်းတတ်တဲ့ ဥ သြလေးကို ချစ်တယ်။

တောင်လေ ခေါ်ရာ လွင့်ပါနေကြတဲ့

ရွက်ဝါ ကလေးတွေကို ချစ်တယ်။

ရိုးတံ ပြိုင်းပြိုင်းထ

ပင်အိုတွေရဲ့ အလှကို ချစ်တယ်။

ဘယ်တုန်းကမှ ပါဝင် မဆင်နွှဲ ခဲ့ဖူးတဲ့

သင်္ကြန်ကို ချစ်တယ်။

နောက်ပြီး

အဲဒီ နွေရဲ့ အနုပညာထဲမှာ

ခံစား ပျော်ဝင်သွားတတ်တဲ့

ကဗျာဆရာတစ်ယောက် ရဲ့ ဖြစ်တည်မှုကို ချစ်တယ်။

ဘာပဲဖြစ်ဖြစ်ပေါ့ကွယ်

နှစ်တွေ ဘယ်လို ပြောင်းပြောင်း

နွေတပေါင်း ရောက်တိုင်းမှာ

ကဗျာ ရင်ငွေ့ထဲ နှစ်မောလို့

ကိုယ့် နှလုံးသားလေး မျောပါရမြဲလေ။

5 comments:

lwansay said...

နွေ ... မိုက်တယ်ဗျာ ကဗျာလေး။ ခံစားသွားတယ်ဗျ။

ChIr0N said...

လှလိုက်တဲ့ ကဗျာလေးဗျာ။ အရမ်းကြိုက်တယ်။

တည်ညိမ်းကို said...

အဲဒီ နွေရဲ့ အနုပညာထဲမှာ

ခံစား ပျော်ဝင်သွားတတ်တဲ့

ကဗျာဆရာတစ်ယောက် ရဲ့ ဖြစ်တည်မှုကို ချစ်တယ်။

ဒီအဖွဲ့လေးကို ကြိုက်တယ်ဗျာ ... တကယ်တော့ ကဗျာဆရာ ဆိုတာ ရာသီတိုင်းမှာ ပျော်ဝင်နိုင်တဲ့ ဒြပ်စင်ဗျ ... ဖဲဝိုင်းမှာ ဂျိုကာလိုမျိုး ပေါ့ ... ဘာတွေပြောနေမိလဲ သိဘူး ... :P

လမင်း said...

သားတီတီလေးရေးထားတာဗျ
သားသား လမင်းကရေးတတ်ဘူး
ဟီးဟီး အားပေးကြလို့ ကျေးဇူး
တီလေး အရမ်းအားရှိမှာ
ဆက်အားပေးကြနော် တီတီလေး
ကို အများကြိးရေးချုင်းမယ်

ဆောင်းယွန်းလ said...

ကဗျာလေးကကောင်းလိုက်တာ..
ခံစားချက်အပြည့်နဲ့ရေးထားပုံဘဲ..ကြိုက်တယ်ဗျာ

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere