အချစ်ရဲ့စွမ်းအား

ဟိုအရင်အခါ ငယ်စဉ်မှာလေ

ဖြူစင်စွာရိုးသား ကိုယ်နှလုံးသားဟာ

ခံစားချက်မရှိ သံစဉ်တို့လဲ နတ္တိပေါ့

နေခြည်ဖြာဆင်း နံနက်ခင်းတိုင်းလဲ

(ကိုယ့်အတွက်)

နိုးထရုံမှအပ ဘာမှမရှိခဲ့ပါ။

ကြယ်ရောင်တွေ လက်လမင်းထွက်လဲ

ညဆိုတာ(ကိုယ့်အတွက်)

ကဗျာတွေ မဟုတ်ခဲ့ပါ။

ဒါပေမယ့် မြုနှင်းတွေဝေနေ

ဒီဇင်ဘာနံနက်ခင်းမှာလေ

ရင်ခုန်စရာတွေ ဖန်ဆင်းမယ့်

သူ နဲ့ ကျွန်မ ဆုံခဲ့ရတယ်

ကြည်နူးဆွတ်ပျံ့ ချစ်ရနံ့တွေနဲ့အတူ

မြင်မြင်ချင်းသိ ရင်ထဲမှာလေ

ချစ်ခြင်းဆိုတာ ရှိခဲ့ပြီပေါ့

အဲဒီနောက်

နံနက်တိုင်းလဲ သတိရ

သံစဉ်တွေလဲ ချိုမြမြနဲ့

အခုတော့-----

ညတိုင်းဟာလဲ ကဗျာတွေ ဖြစ်ခဲ့ပါပြီ။

0 comments:

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere