နေ့စာရင်း ညတွင်းချင်း စစ်ကြည့်စမ်းပါ...


လူ့ဘo သည် အနေတတ်အမြတ် ထွက်ပြီး
အနေမတော် အရှူံးပေါ် သည်ချည်းဖြစ်ရာ..
နေ့တစ်နေ့ ၏ မိမိကြံစည်သော စိတ်ထား၊
နေ့တစ်နေ့၏ မိမိပြုကျင့်သော လုပ်ကွက်များ
ညအိပ်ရာမ၀င်မီ နဖူးလက်တင် ဆင်ခြင်ကြည့်ပါလေ။
ထိုသို့ ဆင်ခြင်ကြည့်တိုင်း
မိမိ၏ ကြံ၊ ပြော၊ လုပ် သုံးခုစလုံး တို့ တွင်ပင်လျင်
လိုချင်စိတ်ထား အားကြီးနေသော် ပြိတ္တာ သွားရန်စရံ။
မလိုမုန်းထား အားကြီးနေခဲ့သော် ငရဲသွားရန် စရံ။
မသိမိုက်မှား၊ အလိုက်စား လွန်နေသော် တိရိစ္ဆာန် သွားရန် စရံ။
အလိုမမက် အမျက်မရှိ၊ သတိလက်စွဲ၊ စိတ် နှင့ိကိုယ် အသိမြဲနေခဲ့သော်ကား
အထက်တန်းသွား လက်မှတ်များ ကြိုတင်ရထားပြီးသူ တထစ်ချ မှတ်ပါလေ။

0 comments:

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere