အသံတိတ်၏ အဟန့်


တစ်ယောက် အပေါ် တစ်ယောက်အလိုမကျ အားမရသဖြင့် စိတ်ကောက် ဆန္ဒပြခြင်းသည်
တစ်ဖက်သား၏ စိတ်ဝယ်ရေနွေး အဖျောခံနေရသော ကြမ်းပိုးတစ်ကောင်ထက် အထိနာ၏။
ရန်သူ၏လက်သည်းအခွံခွာ ညှဉ်းဆဲသည် ထက်လည်း အထိနာ၏။
နေပူကြီး၏အတွင်း တိမ်ပုပ်ဆင်းစဉ် ကာလ ထက်လည်း အခံရဆိုး၏။
အသက်ရှုလမ်းကြောင်း အရာဝတ္ထု တစ်ခုဖြင့် ဆို့ပိတ်ခံရ သည်ထက်လည်းဆိုး၏။
စင်စစ် တို စိတ်ကောက်ခြင်းသည်မိမိ မကျေနပ်သော စကားလုံးကို တစ်ဖက်သား
ထုချေခွင့် အလျဉ်းမပေးပဲ တစ်ဖက်သတ်ပြောကြားနေခြင်းပင်။

2 comments:

စိုးထက် - Soe Htet ! said...

ဟုတ်သဗျို့ .. စိတ်ကောက်တာ အလုပ်ရှုပ်တယ် :P

ညခင်း said...

ကိုစိုးထက် ရောစိတ်မကောက်ဘူးလား

:P

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere