မတည့်အတူနေ


မတည့်အတူနေ မမြင်ရင်ချောင်းကြည့်….ဆိုတဲ့ စကားလေးများကြာဖူးကြလား မသိဘူး….

အဲဒါ ကျွန်မတို့ တူအရီး ၂ယောက် (လမင်း နှင့်ညခင်း) ကို ပြောတာပါ။

ဘာကြောင့်မတည့်လဲ မေးရင် ပြောပြဖို့ တော်တော်ခက်ပါတယ်…….

ကျွန်မသည်….ငယ်သူငယ်ချင်းများ နှင့် ဆက်ဆံတဲ့ အခါ အားနာတတ်ခြင်း၊ သည်းခံတတ်ခြင်း၊

လိုက်ရောတတ်ခြင်း၊ မြွေမသေ တုတ်မကျိုး ဆက်ဆံ တတ်ခြင်း အကျင့် ရှိပါတယ်….

အဲဒါတွေကို ကျွန်မရဲ့ လမင်းက မကြိုက်ပါဘူး….

သူမကြိုက်ပေမဲ့….ကျွန်မ ဗီဇ ဖြစ်နေတဲ့ အတွက်…ပြုပြင်ဖို့ရာ အတော်ခက်ခဲပါတယ်…

ထိုအပြင်ကျွန်မသည်စကားပြောရာတွင်လေကြောရှည်တတ်ပါသည်။
ရှင်းပြရာတို့တွင်လိုရင်းမရောက်တတ်ပါ…ထိုအခါသူ၏ ဒေါသများကို နိုးဆွသလို ပို ဖြစ်စေပါသည်။

ဒါတွေကတော့ ကျွန်မရဲ့ မွေးရာပါ ဗီဇတွေ ဘဲဖြစ်ပါတယ်….

လမင်းကတော့ ဒီလို မဟုတ်ပါ…မှန်တယ်ထင်ရင်ပြောတယ်…သူများစိတ်ဆိုးလဲ ဂရုမစိုက်ဘူး၊

ပြီးတော့ သ၀န်တိုတတ်တယ်… သူ့ အဒေါ် ကျွန်မက…သူထက်သူများကို အလေးပေးတာ မကြိုက်ပါ…

အဲဒီလိုနဲ့ ဘဲ သူ၏ မကြိုက်သောအချက်များကို ဆန်ကျင်လိုက်…လိုက်နာလိုက်နဲ…..အခုဆိုရင်

ကျွန်မသည် တေမိမင်းသမီးလုံးလုံး ဖြစ်နေပါပြီ။

ညခင်းယောကျာင်္းယူမယ်ဆိုရင်လည်း စည်းကမ်းထုတ်ထားပါသေးတယ်…ဆက်ဖတ်ကြည့်ပါဦးနော်…

ညခင်းကိုကြိုက်တယ်ဆိုရင်သူနဲ့အရင်တွေ့ရပါမယ်.တဲ့ …ပညာတတ်ပြီး ရုပ်မချောရင်းလည်း…မပေးစားပါဘူးတဲ့

ရုပ်ချောပြီး…ပညာမတတ်ရင်လဲမပေးစားပါဘူးတဲ့.ပြီးတော့အရက်မသောက်ရ၊ဆေးလိပ်မသောက်ရ၊ကွမ်းမစားရ၊

စတိုင်ကျကျဝတ်စားတတ်…သူ၏အရည်အချင်းစစ်စာမေးပွဲကိုအောင်မြင်သူမှကျွန်မနှင့်တွေ့ခွင့်ရှိသည်တဲ့…အခုအချိန်ထိ တစ်ယောက်ထဲ နေလာခဲ့ပြီးမှ…ညခင်းမှာ ဘာတွေ လိုအပ်နေသေး လည်းသေးလဲတဲ့ ….ဆိုးလိုက်တာနော်….

စဉ်းစားကြည့် ကြပါဦး…ဒါတရားလားဆိုတာ…

ဒီလောက်စိတ်ပုတ်တာ….မိန်းမရုပ်ဆိုးဆိုးနဲ့ရပါစေလို့တိတ်တိတ်လေးဆုတောင်းပေးထားတယ်…သိလား ??.
သူ မသိအောင်ပေါ့…

ဒါပေမယ့်…ကျွန်မတို့တူအရီး နှစ်ယောက် မှာ ချစ်စရာကောင်းတဲ့ တူညီတဲ့ အချက်လေးတွေ ရှိကြတယ်…

သောကြာနေ့ဖွားချင်းတူတာရယ်၊(A)bloodအမျိုးအစားခြင်းလည်းတူတယ်….မိသားစုအပေါ်သံယောဇဉ်ကြီးပြီးတွယ်တာ

တတ်တာ….အလေးထားတတ်တာ…စိတ်ပါဝင်စားရာကိုတစိုက်မတ်မတ်လုပ်တတ်တာ….အပြာရောင်ကြိုက်တတ်တာ….

သူများကို အားမနာတမ်း ကူညီတတ်တာ…စသည်ဖြင့်……


စိတ်ဓာတ်အမှုအကျင့် တွေတူလို့လဲ တူအရီးဖြစ်နေတာလို့ ဆိုနိုင်ပါတယ်….ကျွန်မအတွက် တော့ ဒီတူလေးကို ရရှိခြင်းမှာ… ဘ၀ဟောင်းက ရေစက် ကြောင့် ….ဘုရားပေးတဲ့ ဆုပါဘဲ….ဒီ ၂ယောက်က တည့်သလား မေးရင် မတည့် ဘဲ တကျက်ကျက် နဲ့ ၊ မမြင်ပြန်တော့လဲ ချောင်းကြည့်တတ်တာ…ညခင်းနဲ့ လမင်း ဘဲဖြစ်ပါတယ်…

1 comments:

လမင်း said...

တီလေးနော်
ကိုတူလေးကို အသာလေး
ကစ်သွားတယ်ပေါ့ လေ
တွေ့ မယ် ဟင်းဟင်း
ရုပ်ဆိုးဆိုး မိန်းမရအောင်
ဆုတောင်းနေတယ်ပေါလေ
:(

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere