အပိုင်း(၂)
ဒုတိယနေ့ခရီးစဉ်အဖြစ်…ပထမဆုံးမင်းဘူး စကုတံတားကို ဖြတ်၍ စကုနဲ့၁၀မိုင် ဝေးတဲ့ စန္ဒကူးနံ့သာကျောင်းတော်ရာသို့
ရောက်ရှိပြီး ယခုလို သိရှိခဲ့ရပါတယ်… မြတ်စွာဘုရားသည် စန္ဒကူးနံ့သာကျောင်းတော် (ယခုကျောင်းတော်ရာဘုရား)၌
ရဟန္တာငါးရာနှင့် (၇)ရက်သီတင်းသုံးလျှက် သတ္တ၀ါတို့အား တရားဟော ချွေချွတ်၍ ပြန်အကြွတွင်မှ မန်းချောင်းဝဲယာ၌
ခြေတော်ရာ နှစ်ဆူ (ယခုရွှေစက်တော်ဘုရား) ချထားတော်မူ၍ ဇေတ၀န်ကျောင်းတော်သို့ ပြန်ကြွတော်မူသည်။
ထို့ကြောင့် ရွှေစက်တော်အစ ကျောင်းတော်ရာက၊ စက်တော်ရာရောက်လျှင် ကျောင်းတော်ရာရောက်မှ သမိုင်းစုံ၍
အကျိုးထူးမည်) ဟူသော သမိုင်းဆောင်ပုဒ် တွင်နေခြင်းဖြစ်သည်။မြတ်စွာဘုရားသည် ခရီးတစ်ကြောင်းတည်းဖြင့်
နှစ်ဌာန ကြွရောက်ရာနေရာများ ဖြစ်သောကြောင့် ဘုရားဖူးများသည်လည်း တစ်ဆက်တည်း အကျိုးထူးရရှိစေရန်
ကျောင်းတော်ရာဘုရားသို့ အရောက်ဖူးသင့်ကြောင်းသိရှိရပါသည်။ ထိုနောက် စက္ကန်တိန်းဘုရား ဖူးမြော်ပါတယ်
အဲနောက်…ဆက်လက်ထွက်ခွာခဲ့ရာမန်းရေနံမြေ ရှိ ရေနံတွင်းများ၊ လမ်းဘေးဝဲယာတွင် နေကြာစိုက်ခင်းများ
၊ ကြက်သွန်စိုက်ခင်းများ၊ စပါးစိုက်ခင်းများ၊ စပါးစိုက်ဖို့ရာ လယ်ယာပျိုးကြဲနေပုံတို့ကို ပန်ချီကားတစ်ချပ်သဖွယ်
တွေ့ခဲ့ရပါတယ်…အဲဒီနောက်မင်းဘူးမြို့ ရှိ နဂါးပွက်တောင်ကို လည်းသွားရောက်ခဲ့ပါတယ်...နေ့လည်စာစားပြီးတဲ့နောက်
မကွေးတံတားကိုဖြတ်၍ မကွေးမြသလွန်ဘုရားကြီးအား သွားရောက်ဖူးမျှော်ခဲ့ပါသေးတယ်…မကွေးတံတားကြီး၊့
ဧရာဝတီမြစ်ကြီးတို့ ရဲ့ အလှကို မြသလွန်ဘုရားကြီးကို ဖူးမျှော်ရင်း လွမ်းမောဖွယ်တွေ့ ရှိခဲ့ရပါတယ်…အဲဒီနောက်ပြည်မြို့
သို ဆက်လက်ထွက်ခွာခဲ့ပြီး …တညတာ ပြည်ရွှေဆံတော်ဘုရာကြီးအ နီးဘုန်းတော်ြ့ကီးကျောင်း၌ တည်းခို၍
ရွှေဆံတော်ဘုရားအားဖူးမြော်ခဲ့ပါတယ်..
တတိယနေ့ ခရီးစဉ်အဖြစ်…ပြည်မြို့ မှ ၁၈/၂/၂၀၀၈ မနက် ၆း၂၀ မှာ ထွက်ခွာခဲ့ပါတယ်…ရွှေတောင်မြို့ နှင့် ၄မိုင် အကွာ
မှာရှိတဲ့ ရွှေနတ်တောင်စေတီ…(လူနတ်နှစ်လီ၊ တစ်ရစ်ဆီ စေတီရွှေနတ်တောင်) ဟုသိခဲ့ရပါတယ်…အဲဒီနောက် ရွှေမျက်မှန်
ဘုရားကြီး၊ပြည်မြို့ တဖက်ကမ်းရှိ ရွှေဘုံသာမုနိ ဘုရားကြီးအားဖူးမျှော်ပြီးတဲ့ နောက်မှာ တော့ ဘုရားဖူးခရီးစဉ်ပြီးဆုံးလို့
ကျွန်မတို့ မြို့ လေးရှိရာဆီသို ပြန်လည်ထွက်ခွာခဲ့ပါတယ်…
ဒီခရီးစဉ်လေးဟာ ဖြင့် ကျွန်မညခင်းရဲ့ ၂၀၀၈ ခုနှစ်ရဲ့ အမှတ်တရ ဘုရားဖူးခရီးစဉ်လေးပါ…
ဒီခရီးကို သွားခြင်းဖြင့် ရရှိတဲ့ အကျိုးကျေးဇူးကတော့…မြတ်စွာဘုရားအားကြည်ညို ပူဇော်ရသော်ကုသိုလ်ကံစေတနာ၊
ဒါနကုသိုလ်၊ ဆောက်တည်ရသော သီလ ကုသိုလ်၊များကို ရရှိပြီး…ပွားများသင့်တဲ့ဘာဝနာကုသိုလ် ရရှိအောင်…
သူငယ်ချင်းမိတ်ဆွေများအား…ညခင်းနဲ့ အတူထပ်တူထပ်မျှ ရရှိခံစားရအောင်မျှဝေလိုက်ခြင်းဖြစ်ပါတယ်…။

0 comments:
Post a Comment