ညခင်းရဲ့လမင်း History

ဒီ blog လေးကို စတင်ဖို့ စိတ်ကူး ရတာကတော့ ကျွန်မရဲ့ တူလေး ဘဲဖြစ်ပါတယ်….. တူလေးလမင်း ရဲ့ ဆန္ဒ ကို ဖြည့်ဆည်းပေးတဲ့ အနေနဲ့ရော…..

ကျွန်မတို့ လောကကြီးထဲမှာ လမ်းပေါင်းများစွာ ရှိတဲ့ အနက်က ဘယ်လိုလမ်းဆို ဘယ်လိုလျှောက်မလဲ….

လျှောက်သင့် မလျှောက်သင့်

လျှောက်ခွင့် ရှိမရှိ

လျှောက်နိုင် မလျှောက်နိုင်

လျှောက်ရဲ မလျှောက်ရဲ

လျှောက်တတ်မတတ် ဆင်ခြင်သုံးသပ်ပြီး ခရီးတွင် စေရန် ရည်ရွယ်ပါတယ်။

မတ်တပ်ရပ်လို့ လမ်းမှာငိုရင်တော့ ပုရွက်ဆိတ်ညိုကိုက်တတ်သတဲ့…သွားပါများမှ ခရီးရောက်တယ်လို့ ဆိုရိုးရှိပါတယ်။

သို့အတွက်ကြောင့်

စာရွက်ဗလာပေါ်မှာ

မြစ်တစ်စင်း တင်လိုက်ခြင်းပါ…

အဲဒီမြစ်မှာ

မျှော်လင့်ချက် ရည်ရွယ်ချက်

အိမ်မက်တွေ ထည့်သွင်း လိုက်တဲ့ အခါ…………

ကောင်းကင်က ကြည်လင်နေဦးမှာပါ….မြေသားကလည်းခိုင်ခံ့ သေချာနေဦးမှာပါ….လတ်ဆတ်တဲ့ လေပြည်၊ စိမ်းသစ်တဲ့ သဘာဝတရား အမြဲထာဝရ တည် ရှိနေဦးမယ်…အဲဒီ အချိန်တွေ ထဲက ကျွန်မတို့ ဘာတွေများ ရယူနိုင်ကြဦးမလဲ…ကိုယ်အတွက်ကိုယ်ပတ်ဝန်းကျင် အတွက် ဘာတွေများ စွမ်းဆောင် ပေးနိုင်ကြဦးမလဲ…

ဘ၀ဆိုတာ အသစ်အသစ်သော အရာတွေနှင့် အကောင်းဆုံးတည်ဆောက်ခွင့် တွေဖန်တီး ရယူနိုင်ဖို့ အခွင့်အရေးတွေ အများကြီးရှိသေးတဲ့ အခြေအနေတစ်ခု ဖြစ်တယ်ဆိုတဲ့ အကြောင်း….

ဘ၀ဆိုတာချစ်စရာကောင်းတဲ့ နံနက်ခင်း တွေမှာ လမ်းလျှောက်ထွက်ခြင်း လို့သာ ယူဆနိုင်မယ်ဆိုရင်…လတ်ဆတ် တဲ့လေကို ရှုရှိုက်၊ ကျယ်ပြန့်လွင့်မျောတဲ့ ကောင်းကင်အောက်မှာ ခဏတာ အတူတကွ လမ်းလျှောက် ထွက်ကြရအောင်……

ဖတ်မိတဲ့ လူတိုင်း အတွက် ရသမြောက်စွာ ခံစားနိုင်စေဖို့ မျှဝေခံစားခြင်း ဖြစ်ပါတယ်…..

ပြည့်စုံ အောင်မြင်ပါစေ…...

ညခင်း

0 comments:

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere