အိမ်မက်ရှည်မယ့် ခရေ ညများ

အပြစ်ဆိုစရာ

လေပြင်းရှိတယ်။

အချစ်ပိုစရာ

လေညင်းရှိတယ်။

ရနံ့များရဲ့ ညို့ငင်ရာ

အပြည့်အမောက် ကောက်ယူခဲ့၊

ခေါင်းအုံးအောက်မှာ

အသရေဖြင့် ကြွေလွင့်ခြင်းများ

သင်းပျံ့ကမ္ဘာတည်လိမ့်မယ်။

0 comments:

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere