အော်………. ညခင်းမွေးနေ့ ၁၆ရက် ဆို ရောက်လာဦးတော့မှာဘဲ….ဘာလုပ်ရင်ကောင်းမလဲ…သူငယ်ချင်း၊မိတ်ဆွေ မောင်နှမများကတော့ ပွဲတောင်းထား…တာတွေရှိတာပေါ့… တချို့မွေးနေ့ရှင်တွေကတော့ ဘုရား ကျောင်းကန် သွားသည်တဲ့ ။ ငှက်ကလေးတွေ ငါးကလေးတွေ လွှတ်ကြသည်တဲ့ ။ နွမ်းပါးတဲ့ လူတွေကို ပေးကမ်းကြသည်တဲ့ ။


ကျွန်မ ဘာလုပ်ရင်ကောင်းမလဲ ။ အရင် နှစ်တွေကတော့ ကျွန်မတို့ကိုးကွယ်တဲ့ ဘုန်းဘုန်း ကျောင်းကို ဒံပေါက်ဆွမ်းပို့ဖြစ်ပါတယ်…ဒီနှစ် ထူးထူးခြားခြား ဘာလုပ်ရင်ကောင်းမလဲ…. သူငယ်ချင်းတွေကို ငါးရှဥ့် အကောင် ၁၀၀ ချက်ကျွေးမယ်...လမင်းကို တော့ကျားအကောင် ၁၀၀ နဲဆော့ခိုင်းမယ်...ညခင်းအမ ကိုတော့ ဖားအကောင် ၁၀၀ လက်ဆောင်ပေးမယ်... ညီမလေး ပီကေ ကို တော့ မြွေပွေးအကောင် ၁၀၀ လက်ဆောင်ပေးမယ်....

ဟိဟိ...စိတ်ကူးကြည့်တာပေါ့နော့်...ကောင်းတာလေးဘဲလုပ်တာကောင်းပါတယ့်နော့်…. ငှက်ကလေး တွေ ၊ငါးလေးတွေ လွှတ်ကာ ဆုတောင်းရင် ကြည်နှုးရင်ကောင်းမလား…။ ( မျှော်လင့်ချက် တွေနဲ့ ကုသိုလ်လုပ်တာမျိုးတော့မလုပ်ချင်ဘူး ) ။ ပျံသန်းသွားသော ငှက်ကလေးတွေကို ကြည့်ကာ ကိုယ်လည်း အဲဒီခဏတာမှာ လွတ်လပ်မှုကို ခံစားရနိုင်သည်။ ဟိုတွေးဒီတွေးနဲ့ လျှောက်တွေးနေမိတယ်...။

ဒီလိုနဲ့ နောက်ပိုင်း...မွေးနေ့ ဆိုသော စကားလုံးကို စဉ်းစားမိသည်။ မွေးနေ့ဆိုတော့ မွေးတဲ့နေ့ ပေါ့နော် အင်း… အဲဒီနေ့မတိုင်ခင်က ညခင်းဆိုတာ မရှိသေးဘူးပေါ့နော်…။ စဉ်းစားကြည့်ရင် မိခင်ဝမ်းထဲမှာ...အစာအိမ်အဟောင်းကို ဖင်ခုထိုင်…အစာအိမ်အသစ်ကို ခေါင်းပေါ် တင်ပြီ … ကွေးကွေးလေးနေခဲ့ရတာ…အမေကလည်းဒီ မမြင်ရသေးတဲ့ သားသမီး ဆိုတဲ့အသိနဲ့ ကိုးလလွယ် ၁၀လ ၀မ်းနဲ့လွယ်ထားရတာ …တော်တော် ဒုက္ခရောက်ရှာတာ ဘဲ…မိခင်ကျေးဇူး ထူးလှပါတယ်…။

မိခင်ဆိုလို့ပြောရဦးမယ်…သူများတွေမှာ အမေ (၁)ယောက်၊ အဖေ (၁)ယောက်ပဲ ရှိပါတယ်… ညခင်းမှာတော့
မွေးမိခင်၊ဖခင် အပြင် ကျွေးမိခင်၊ဖခင်ပါရှိပါတယ်…။ ညခင်းမွေးပြီး ၁လသမီးမှာဘဲ… မေမေဘက်က အဘိုးနှင့် အဖွားကညခင်းကို မေမေတို့နောက်မထည့်တော့ဘဲ… နို့ဘူးတိုက်ပြီး အမွေစား အမွေခံနဲ့မွေးစားခဲ့ပါတယ်…။

တစ်ခါက… ညခင်းဖေဖေကို မကျေမနပ်လေသံနဲ့မေးခဲ့ဘူးပါတယ်…ဘာလို့ ကိုယ်ပါကိုယ် မမွေးဘဲ… သူများပေးပစ်ခဲ့ရလဲပေါ့…သူများမဟုတ်ပါဘူးသမီးရဲတဲ့…ကိုယ့်အဘိုးအဘွားပါတဲ့… ဖေဖေတို့လဲ မပေးချင်ပါဘူး…သမီးအဘိုးအဘွားက အတင်းတောင်းယူတာပါတဲ့…မွေစားအမွေခံ စာချုပ်မှာ လက်မှတ်ထိုးတဲ့နေ့က အဖေ လက်တွေ တုန်နေပါတယ်တဲ့။ အဲဒီမှာ ညခင်း မေ နှင့် ဖေ မေတ္တာကို စော်ကားမိသွားပါတယ်…မ မွေးရ ယုံတမယ်…ပြုစုကျွေးမွေးခဲ့တဲ့ ဘိုးနှင့်ဘွားကို လည်း ပိုလို့ ကျေးဇူးတင် ဖြစ်သွားပါတယ်…

ညခင်းမွေးနေ့ ရောက်တဲ့အခါတိုင်း…ကျေးဇူးရှင်များကို ဦးချကန်တော့ရင်း… အပြစ်များကို တောင်းပန်ပါတယ်…
ညခင်းတို့ ဘ၀ကို ဖြတ်သန်းရာတွင် အကြိမ် များစွာမှာ အသက်ရှင် ရပ်တည်နိုင်ဖို့ အတွက် လူသားတွေဟာ ပြောင်းလဲခြင်းဖြစ်စဉ်တွေကို ဖြတ်သန်းကြရ ပါတယ်…။ လူဆိုတာ အကောင်းဆုံးကို မျှော်လင့်ခွင့်ရှိသလို အဆိုးဆုံးအတွက်လည်း ကြိုတင်ပြင်ဆင်ထား နိုင်ရပါ့မယ်….။ညခင်းတို့ ဘ၀ဆိုတဲ့တိုက်ပွဲကို… ကောင်းဆုံးကျော်ဖြတ်ကြရအောင်နော့်…။


မိုးဦးရာသီ မေလတွင် ကျရောက်သော မွေးနေ့ရှင်များနှင့် အတူ ညခင်းသူငယ်ချင်းများ အားလုံးလည်း ဘ၀မှာ ကြုံတွေ့လာနိုင်မဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြတ်သန်းနိုင်ပြီး အောင်မြင်ပျော်ရွင်သော ဘ၀တခု ကိုယ်စီ ပိုင်ဆိုင်နိုင်ကြပါစေလို့…. ဆုတောင်းပေးပါတယ်…။

1 comments:

လင်းထက် said...

မွေးမိဘ ရော ကျွေးမိဘ တဖြစ်လဲ အဖိုးအဖွား များရဲ့ကျေးဇူးကို သိတတ်တဲ့ သမီးကောင်း ရတနာလေး ဖြစ်ပါစေဗျာ မွေးနေ့မှာ ကဝိုင် ပဲ တိုက်တာလား ဘီယာလေး ဘာလေးရောမပါဘူးလား

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere