လမင်းရေ ဘာလုပ်သင့်သလဲ

ညခင်းရဲ့ တူလေး လမင်းရဲ့ မကြာခင်ရောက်ရှိလာမဲ့ မွေးနေ့ အတွက်အကောင်းဆုံးလက်ဆောင် ကို ရွေးချယ်လိုက်တဲ့အခါမှာ ဒီစာလေးကို ရေးဖြစ်ခဲ့ပါတယ်။
အလွန်ရခဲသော လူဘ၀ထဲကျရောက်လာသည့်နေ့(သို့) မိခင်ဝမ်းမှမီးရှုးသန့်စင်ဖွားမြင်သည့်နေ့ကို ***မွေးနေ့***ဟုဆိုကြသည်။လူတို့၏ဘ၀တစ်လျှောက်လုံးရင်ဆိုင်တွေ့ကြုံရသောထူးခြားသည့်အကောင်း အဆိုး ဖြစ်ရပ်မျိုးစုံကို မမေ့နိုင်ဘဲရှိတတ်ရာ အမှတ်အရဆုံးမှာ မွေးနေ့ပင်ဖြစ်ပါတယ်....။
လမင်းရဲ့မွေးနေ့အကြောင်းကို စဉ်းစားရင်း....တစ်ခါက ခရီးသွားရင်း မိတ်ဆွေအဘွားကြီးတစ်ဦး၏ ပြောပြ သည့်စကားမျာကို ပြန်လည်ကြားရောင်မိပါတယ်...အလွန်သင်ခန်းစာယူစရာကောင်းတဲ့ အဖြစ်လေးပါ...။
ထိုအဘွားကြီးမှာ စားဝတ်နေရေးအတော်လေးကျဉ်းကျပ်ရှာပါတယ်။သားသမီး တို့မှာလဲအိမ်ထောင်များခွဲထွက်ပြီး စီးပွားများဖြစ်ထွန်းနေသော်လည်း မုဆိုးမမိခင်ကြီးအား မဖြစ်စလောက် ပေးကမ်းသည်မှအပ ဂရုတစိုက် မရှိလှချေ။ တစ်နေ့သားဖြစ်သူက ပြုံးရွင်သော မျက်နှာဖြင့်မိခင်အိုကြီး ထံရောက်လာပြီး.... ***အမေရေ...မနေ့ကကျွန်တော်မွေးနေ့မှာ(***)ကျောင်းအတွက်(***)သိန်း၊ ဓမ္မာရုံအေတွက် (***)သိန်း၊ဆွမ်းကပ်တာက(***)သိန်းကုန်တယ်၊ စီးပွားရေးနဲ့က ပတ်သက်တဲ့ ဧည့်သည်တွေလဲလာလိုက်တာ စည်ကားလိုက်တာအမေတဲ့။ အမေအသက်ကြီးပြီမို့ ပင်ပန်းမှာစိုးလို့မခေါ်တာနော်။ထောပတ်ထမင်းကလဲ အမေ့သွေးတိုးနဲ့မတည့်လို့မပို့တာပါ။အမေ အမျှပဲယူပါတော့နော်တဲ့....။***သာဓုပါသားရယ်....သာဓုပါ*** သူမနေနဲ့သားထံမှဝမ်းပန်းတသာ အမျှကို မှတ်မှတ်ရရသာဓု ၂ကြိမ် ခေါ်ဖြစ်ခဲ့သည်။ ၁ကြိမ်ကျန်နေသည်ကို သူမဘာသာ သိလေသည်။
(၁)ဘာသာတရားကို လေးစားကြည်ညိုရကောင်းမှန်းသိသောကြောင့် ပထမသာဓုကို ခေါ်ခဲ့သည်။
(၂)သာသနာနှင့်ရဟန်းသံဃာတို့အားမွေးနေ့ဒါနပြုရကောင်းမှန်းသိသည့်အတွက် ဒုတိယ သာဓုကိုခေါ်ခဲ့သည်။
(၃)မွေးနေ့မှာအမေအို ကြီးကို သတိမရသောကြောင့်တတိယ သာဓုကို မခေါ်ဖြစ်ခဲ့ပါဟုပြောပါသည်။
အမတန်မှတ်သားစရာကောင်းပါတယ်...။
မွေးနေ့တွင် ဦးဆုံး အရှေ့ ဆုံးသတိရသင့်သူမှာ...မိမိအားဖ၀ါးလက်နှလုံး ပခုံးလက်နှစ်သစ် အရွယ်မှ လူဖြစ်အောင် မွေးကျွေးခဲ့သည်မှာ မိဘနှစ်ပါးဖြစ်ပါသည်။ မွေးနေ့ကျရောက်တိုင်းမိဘအားအဦးထား ၍မိမိစွမ်းနိုင်သလောက် ဖွယ်ရာ ပစ္စည်းများဖြင့် လက်အုပ်ချီမိုးရှိခိုးကန်တော့ရမည်ဖြစ်ပါသည်။ များသောအားဖြင့် မိဘတို့ သည် သားသမီးထံမှရလာမည့် လာဘ်လာဘထက် သားသမီး၏ မေတ္တာစေတနာ တုံပြန်မှု၊ကြင်နာမှု၊အရေးထားလေးစားမှုကျေးဇူးသိတတ်မှု၊လိမ္မာယဉ်ကျေးမှုကို မျှော်လင့်တတ်ကြပါသည်။ မွေးနေ့ရောက်တိုင်းကျေးဇူးသိတတ်ခြင်း ပုံရိပ်ကျရောက်သည်ကို ခံစားရသော မိဘများ၏ ပီတိသည် လောကရှိ မည်သည့်အဖိုးတန်ပစ္စည်း နှင့် မှ နှိုင်းယှဉ်လဲလှယ်နိုင်လိမ်မည်မဟုတ်ပေ။
***********ကဲ........လမင်းရေ ဘာလုပ်သင့်သလဲ**********

0 comments:

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere