အိမ်ထောင်မှုသာယာရေးနည်းလမ်း (၇)သွယ်

ဒါလေးကတော့အိမ်ထောင်ရေးအဆင်ပြေစေသောနည်းလမ်းလေးတွေပါ။အဆင်ပြေသလိုဘာသာ

ပြန်ထားတာပါ။ဆီလျော်မှုရှိမနေရင်တော့နားလည်ပေးပါ.ကဲလာပြီလက်ထပ်ပြီးစအသစ်စက်စက်

သတို့သားလေးတစ်ယောက်ကိုသူအမေ့ဖြစ်သူနဲ့အိမ်ထောင်ရေးမှာအဆင်ပြေပြောနေကြသော

အိမ်ထောင်မှုသာယာနေသောစုံတွဲများကပေးသောအိမ်ထောင်မှုသာယာရေးနည်းလမ်း(၇)သွယ်...း

၁။တစ်ယောက်နဲ့တစ်ယောက်ကြည်ဖြူစွာချစ်နေဖို့တစ်ယောက်အပေါ်တစ်ယောက်အကောင်းမြင်

ဆန္ဒတွေနဲ့သာဆက်ဆံပြောဆိုရပါမယ်။တစ်ယောက်မကောင်းတာကိုတခြားသူအပေါ်မပြော

ဆိုမိဖို့လိုအပ်ပါတယ်။တစ်ယောက်မကောင်းတာကိုအကြံပေးပြုပြင်ပေးရပါမယ်။

၂။မင်းတို့တွေအရမ်းချစ်တယ်ဆိုရင်ဒါလေးတွေလုပ်ပေးဖို့မင်းမမေ့ပါနဲ့။ရုပ်ရှင်ကြည့်တဲ့အချိန်မှာသူကို

နမ်းရှိုက်ပေးပါသူလက်ကလေးတွေကိုယုယစွာဆုပ်ကိုင်ထားပါ.ပါးစပ်ကလည်းသူကို(မင်းဟာအရမ်း

လှတယ်လို့)တစ်ကြိမ်ထက်မနည်းပြောပေးပါ။ :P

၃။သတိထားရပါ့မယ်။သူမနေမကောင်းဖြစ်နေတဲ့အခါမှမိသားစု၊သူငယ်ချင်းများကိုအရမ်းသာကော

မပြောမိပါစေနဲ့အထူးသဖြင့်သူမမနှစ်သက်သောသူများကိုမပြောမိစေပါနဲ့.ဥပမာ။သူနေမကောင်းဖြစ်

ပြန်ပြီကွာ(စိတ်ဓာတ်ကျသံ)နဲ့မပြောမိပါစေနဲ့။

၎။တစ်ယောက်နဲ့တစ်ယောက်နားလည်မှုထားပါ။မင်းမှားနေတဲအခါ(Sorry)ဆိုတဲ့စကားလေးပြောဖို့

မမေ့ပါနဲ့။မင်းမှန်နေတယ်ဆိုရင်လည်းတိတ်တိတ်လေးနေပေးလိုက်ပါ။

၅။လူတွေအများကြားမှာမင်းဇနီးစကားပြောတာမှားနေသည်ဖြစ်စေ၊မှန်သည်ဖြစ်စေကြားမှဝင်ရောက်

ပြီးဟန့်တားပြောဆိုတာမျိုး(သို့)အမှားပြင်ပေးတာမျိုးမလုပ်ပါနဲ့.လူတွေနဲ့ကင်းရာကိုခေါ်သွားပြီးမှားနေ

တာကိုပြောဆိုရှင်းပြပေးပါ။

၆။မင်းဟာငြင်းခုံတဲ့စကားတွေပြောဆိုတာမျိုးဖြစ်လာတဲ့အခါမှာလည်းမိးလောင်နေတဲ့အိမ်ကိုမြင်လို့

ကြောက်လန့်စွာအော်ဟစ်နေတဲ့အသံမျိုးနဲ့မပြောဆိုပါနဲ့.တီးတိုးအေးဆေးညင်သာစွာပြောဆိုပါ။

၇။တနေ့မှာတစ်ယောက်နဲ့တစ်ယောက်အဆင်မပြေတာကြုံလာတဲ့အခါမှာမင်းတို့တွေတစ်ယောက်နဲ့

တစ်ယောက်အသက်မကချစ်ခဲ့ကြတယ်ဆိုတာကိုသတိရပါ ။

5 comments:

စိုးထက် - Soe Htet ! said...

စိတ်ရှည် လက်ရှည် သုံးပါတယ် ... အဆင်ပြေပါတယ် သာယာပါတယ် ခင်ဗျာ ... ဝေမျှတာ ကျေးဇူး ...

ဒါနဲ့ စကားလုံးလေးတွေ ကို Space Bar လေး နှိပ် ပြီး သေချာ ခွဲ ထား ပေးပါလား ခင် ဗျာ ... ဖတ်ရ တာ နည်းနည်း အဆင်မပြေ ဖြစ်နေပါတယ် ... လိုင်းလဲ သေချာ Enter လုပ် ပြီး ခွဲ ပေးပါ ...

သတိုးရာဇာ said...

ဟီးဟီး..အိမ်ထောင် မရှိသေးတော့ လည်း ဗဟုသုတ အနေနဲ့ ပဲ ဖတ်လိုက်တယ် ဗျို့ .ကျေးဇူးပါ ခုလို ဝေမျှတဲ့ အတွက်

မသက်ဇင် said...

ညခင်းရဲ့ လမင်းရေ----
မှတ်သားစရာလေးပါပဲ---
တကယ်တန်ဘိုးရှိပါတယ်---
လမင်းရဲ့ချစ်သူအပေါ် အခုလို လမင်း ယုယ
နိုင်ပါစေ---
ခင်မင်လျက်
မသက်ဇင်

အလှတရား said...

အဟမ်း
အဟမ်း
မှတ်တော့မှတ်သွားတယ်ခင်ဗျ
ကြိုက်လို့ပါ
အသုံးချနိုင်သေးဘူး။

ဝါ၀ါခိုင်မင်း said...

ဟေးဟေး..တို့ကအဲဒါတွေအကုန်လုပ်ပြီးသား.
အဲဒါကြောင့်မို့ သာယာစိုပြေလို့။ ဦးဥာဏ်ကလည်း
ချစ်မှချစ် ။ မီး မှ မီးပဲ ။ ဟတ်ဟတ်.
ကောင်လေးတွေ သွာရည်ကျအောင်ပြောသွားတာ. :P
တနားဘာဒယ်..နာ့မောင်လေးတွေ. အသက် ၂၄ နှစ်ရှိ
နေကြပြီ ယူစရာ ကောင်မလေးတွေကမရှိသေးဘူး။

(သတိ.. မောင်လေးအားလုံးကိုရည်ညွှန်းပါသည်.
အစ်မ၀ါကြိုပြောပါမည်. အစ်မ၀ါကို အားကိုးလို့မရပါ.
အမ၀ါ အောင်မသွယ်တတ်ပါ။)
ဒါပါပဲ.. ဂလောက်

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere