ကြက်ဥ နှင့်မျက်နှာပေါင်းတင်နည်း(၃)သွယ်

နှစ်ပေါင်းများစွာကတည်းက ကြက်ဥဟာ မိန်းကလေးတွေရဲ့ အလှအပထိန်းသိမ်းရာ ပစ္စည်း
တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကြက်ဥအနှစ်ကို တော့သုံးလေ့မရှိဘဲ ကြက်ဥအကာကိုကာ
သုံးလေ့ရှိပါတယ်။ ကြက်ဥအကာဟာ အဆီပြန်တဲ့ အသားအရေတွေကို အဆီစုပ် ပေးရုံသာမက
မျက်နှာပေါ်မှာလိမ်းပြီး ခြောက်သွေ့အောင် ထားထားရင် ချွေးပေါက်တွေကိုပါ ကျဉ်းသွား စေပါတယ်။
အသားအရေ သုံးမျိုးအတွက် ကြက်ဥနဲ့ မျက်နှာ ပေါင်းတင်နည်း သုံးနည်းရှိပါတယ်။
မမ များတင် မဟုတ်ပါဘူး…ကိုကိုများလည်း ပေါင်းတင် နိုင်ပါတယ်။ ကွန့်မန်မှာတော့ ဖတ်သွားတယ်
ပဲရေးပေါ့နော်…။ အိမ်ကျမှ တိတ်တိတ်လေး ပေါင်းတင်ကြည့်ပေါ့…။ ဟိဟိ…အခုလောက်ဆို လမင်းလဲ
ဖတ်ပြီးလုပ်ကြည့်ပြီးလောက်ပြီ။ ကဲဒီလိုလေး လုပ်ကြည့်ပါ…
အဆီပြန်ပြီး ၀က်ခြံပေါက်တဲ့ အသားအရေအတွက်
သန့်စင်တဲ့ ခွက်တစ်ခုထဲမှာ ကြက်ဥအကာ ရွေးထည့်ပြီး အမြုပ်ထအောင် မွှေပေးပါ။ ဂျုံမှုန့် သန့်သန့်ကို
အမြုပ်ထနေတဲ့ ကြက်ဥထဲ ထည့်ပြီး ပျစ်နေအောင် ဆက်မွှေပါ။ပြီးရင် မျက်နှာ ပေါ်မှာ ထူထူလေးလိမ်းပေးပါ။
ခြောက်အောင်ထားပါ။ ခြောက်သွေ့ပြီး မိနစ် အနည်းငယ်ကြာတဲ့အခါ ရေနွေးနဲ့ အရင်ဆေးပြီး ရေအေးနဲ့
ထပ်ဆေးပေးပါ။
အဆီပြန်ပြီး ခြောက်သွေ့တဲ့ အသားအရေအတွက်
ကြက်ဥ အကာကို အမြုပ်ထအောင် မွှေပြီးတာနဲ့ သခွားသီးကို ခြေပြီးရောထည့်လိုက်ပါ။ ထပ်မွှေပြီး
မျက်နှာအနှံ လိမ်းလိုက်ပါ။ လိမ်းပြီးရင် ခြောက်အောင်ထားပြီး မိနစ်အနည်းငယ်ကြာတဲ့အခါ ရေနွေးနဲ့
ဆေးပေးပါ။ ပြီးရင် ရေအေး နဲ့ ထပ်ဆေးပေးပါ။
အဆီလည်းပြန် အမည်းစက်တွေလည်းရှိပြီး မလန်းဆန်းတဲ့ အသားအရေအတွက်
ကြက်ဥအကာကို အမြုပ်ထွက်အောင်မွှေပြီး သံပရာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း-နှစ်ဇွန်း
လောက်ထည့်ပေးပါ။ မွှေပြီးရင် မျက်နှာအနှံ လိမ်းပြီးခြောက်သွေ့အောင်ထားပါ။ ပြီးရင် ရေနွေးနဲ့အရင်
ဆေးပြီး ရေအေးနဲ့ ထပ်ဆေးပါ။
ကြက်ဥ ဟာ အရမ်းစားလို့ကောင်းတဲ့ ဟင်းအမည် တစ်မျိုး ဖြစ်တဲ့အပြင် အဆီပြန်တဲ့ အသားအရေ
ရှိသူတွေအတွက် လည်း အကျိုးရှိပါကြောင်း တင်ပြလိုက်ရ ပါတယ်။

0 comments:

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere