ညခင်းတို့ ဘလောလ့် လေးမှာ တင်တဲ့ စာလေးတွေက ဗဟုသုတ ရစရာ လေးတွေ များပါတယ်…ဒီ တစ်ခါတော့ ပုံပြင်လေး တစ်ခုတင်ပေးပါရစေ…။
တစ်ခါတုန်းက တောထဲမှာ ကလေးငယ်လေး တစ်ယောက် စွန့်ပစ်ထားခြင်း ခံရတယ်။ ဘယ်သူက စွန့်ပစ်သွားမှန်းမသိဘူး…။
နတ်သမီးတစ်ပါးက မမျှော်လင့်ဘဲ တွေ့ပြီး ကောက်ယူမွေးစားလိုက်တယ်။
ကံဆိုးတဲ့ ကလေးက မိန်းကလေးဖြစ်ပြီး မွေးစားမိခင်နတ်သမီးက အရမ်း ချစ်တယ် … လိုလေသေးမရှိအောင်
ပြုစုစောင့်ရှောက်ထားတယ်။
ဒါပေမယ့် ဒီကလေးရဲ့ မွေးရာပါဗီဇက မကောင်းဘူး။ ခေါင်းမာတယ်။သူ့အမှားကို ဘယ်တော့မှ ၀န်မခံဘူး။
သူများပေါ် အပြစ်ပုံချတတ်တယ်။
ဒီလိုနဲ့ အရွယ်ရောက်လာတော့ မယ်တော်နတ်သမီးက သူ့ရဲ့ ဘုံဗိမာန်ကိုလိုက်ပြ တာပေါ့..။အခန်းပေါင်း
များစွာရှိတယ်။ အခန်းတိုင်းဟာဆန်းကြယ်စွာ ပြင်ဆင်မွမ်းမံထားတယ်။ ဖျော်ဖြေရေးရှိသလိုပျော်ရွှင်စရာ
တွေလည်းရှိတယ်ပေါ့။ အဲလိုအခန်းပေါင်း၂၀ရှိ သတဲ့။ဒါပေမဲ့ အခန်း၁၃ ကို မဖွင့်ဖို့လည်းအသေအချာ
မှာခဲ့တယ်။သူကလည်း မဖွင့်ပါဘူးလို့ ပြောတယ်။
သူ့မယ်တော်က မဖွင့်ဖို့ အတန်တန်မှာထားတာမို့ ဖွင့်ရမှာ လက်မရဲ့ဘူး၊ ဒါပေမဲ့ မလုပ်ပါနဲ့ ဆို လုပ်ချင်တဲ့
လူ့သဘာဝကို မလွန်ဆန်နိုင်တာကြောင့် အခန်း၁၃ ကို ဖွင့်ကြည့်မိတယ်။
တစ်ခန်းလုံးမည်းမှောင် နေတယ်။အထဲရောက်တော့ ရုတ်တရက် မီးတောက်မီးလျှံတွေ ပေါ်လာတယ်။
သတ္တ၀ါတွေမီးလောင်ကျွမ်းပြီး မချိမဆန့်အော်ဟစ်နေကြတာမြင် ပြီးအရမ်းလန့်ပြီး ထွက်ပြေးသွားတာ…
အခန်းတံခါးသော့ခတ်ဖို့ မေ့သွားတယ်…။
တစ်နေ့ မယ်တော်သိသွားတော့ မေးတယ်..အခန်း၁၃ ကို ဖွင့်သလား ပေါ့။ သူ့သမီးကို သေသေချာချာ
မေးပါတယ်…။ဖွင့်မိသလား။အကြိမ်ကြိမ်ငြင်းဆန်ပြန်တယ်။
ဒီတော့ နတ်သမီးက သူ့သမီးရဲ့လိမ်လည်မှု၊အပြစ်ဝန်မခံမှုတွေအတွက် အပြစ်ပေးတဲ့ အနေနဲ့တောထဲကို
ပြန်ပို့လိုက်တယ်။တောထဲမှာ ၁၃ ရက်လောက်ငတ်ပြတ်ဆင်းရဲ ဒုက္ခခံရ ရှာတယ်။
ကံအားလျှော်စွာ တောကစားထွက်လာတဲ့ မင်းသားတစ်ပါးနဲ့ တွေ့ပြီး တော်ကောက်ခံ ရတယ်။နန်းတော်ထဲမှာ
မိဖုရားအဖြစ်နဲ့ ကောင်းကောင်းမွန်မွန်နေရတယ်။
တစ်နှစ်လောက်ကြာတော့…သမီတော်လေးတစ်ပါးမွေးတယ်။ အဲ့ဒီအချိန်မှာဘဲ မယ်တော် နတ်သမီးက
အိမ်မက်မေးတယ်။…သမီးတော်အခန်း၁၃ ကို ဖွင့်ခဲ့ သလား။မှန်တဲ့ အတိုင်းဝန်ခံပါ… ၀န်မခံရင်
သမီးတော်ရဲ့ ကလေးကို ခေါ်သွားရလိမ့်မယ်။
မဖွင့်ဘူးလို့ ငြင်းဆန်ပြန်တယ်။အိမ်မက်ကလန့်နိုးလို့ ကလေးကြည့်လိုက်တော့ မရှိတော့ ဘူး။သူ့
ယောက်ျားမင်းသားက အရမ်းစိတ်ဆိုးသွားတယ်။ဒီလောက် အစောင့်အကျပ်တွေများတဲ့ ကြားက
ကလေးပျောက်တာ ထူးဆန်းတယ်။ကလေးအမေကြည့် ရတာ ကလေးပျောက်သွားရတဲ့
အကြောင်းအရင်းလဲ သိပုံရသလိုဘဲ။
အကျိုးအကြောင်းမေးတော့ သူ ဘာမှမသိဘူးလို့ ငြင်းတယ်။မင်းသားလဲ စဉ်းစားတယ်။ တောနက်ထဲ
မှာလဲ တစ်ယောက်ထဲတွေ့တယ်။လူအစစ်ရောဟုတ်ရဲ့လား။ သူ့ကလေးသူပြန်စားပစ်လိုက်တာလားပေါ့။
တော်ကြာငါ့ကို ပါ စားပစ်လိုက်ရင် ဒုက္ခ…လို့တွေးပြီး ****သုသသန်ထုတ် ဓားခုတ်သတ်စေ****လို့
အမိန့် ပေးလိုက်တယ်။
မင်းသားလေးကို တစ်ခွန်းမှ ပြန်မတောင်းပန်ဘူး။ပြေရာပြေကြောင်းလေးတောင် မပြောဘဲ ဘူးခံနေတယ်။
နောက်ဆုံး သုသသန်ရောက်လို့ လည်ကုတ်ပေါ် ဓားတင်တော့ မှ…မယ်တော် သမီးမှားပါပြီ…အခန်း၁၃ကို
သမီးဖွင့်ခဲ့ပါတယ်။ မသေခင်မှာ ၀န်ခံခဲ့ပါရစေ…။လို့ ငိုယို တောင်းပန်လိုက်တယ်။
အဲဒီတော့မှ မယ်တော်နတ်သမီးဟာ သူ့ကို လာကယ်ပြီး နတ်ပြည်ခေါ်သွားသတဲ့။
နတ်ပြည်ရောက်တော့ သူကလေးနဲ့ ပေးတွေ့ပြီး လူပြည်ပြန်ပို့ ပေးရမလားလို့ မေးတယ်။
မပြန်ချင်တော့ဘူး…၊အခုချစ်…အခုမုန်းပြီး အဆုံးစီရင်တတ်တဲ့ လူ့စိတ်ဓာတ်ကို သူကြောက်သွားပြီ။
လိုရင်တစ်မျိုး..မလိုရင် တစ်မျိုး သဘောထားတွေ ပြောင်းလဲဆက်ဆံ တတ်တဲ့ လူတွေကြားထဲမှာ
သူ မနေပါရစေနဲ့…တဲ့။ ပုံပြင်လေးကတော့ ဒါပါပဲ။
0 comments:
Post a Comment