မျက်နှာများသူ

နေ့အခါ လမရှိခိုက်
နေသာလိုက်စဉ် လကို မေ့လျော့
နေရောင်ခြည်မှာ ဒီကမ္ဘာ က
ပျော်မွေ့လျက်ပါ။
ညအခါ နေမရှိခိုက်
လသာလိုက်စဉ် နေကို မေ့လျော့
လရောင်အောက်မှာ ဒီကမ္ဘာက
ကြည်နှုးလျက်ပါ။
နေလည်းမသာ လလည်းမသာ
ကြယ်ကလေးတွေသာ လင်းကြစဉ်
နေရော လပါ မေ့လို့
မှုန်ပျပျ ကြယ်ရောင်မှာ ပဲ
ဒီကမ္ဘာက သာယာလျက်ပါ။
ဒီကမ္ဘာက
နေနဲ့လည်း ပျော်မွေ့
လနဲ့လည်း ကြည်နှုး
ကြယ်နဲ့လည်း သာယာတော့
တစ်ချုံကွယ် တစ်မယ်မေ့တဲ့
မျက်နှာများတဲ့ ချစ်သူလို ဖြစ်နေပြီ…။

0 comments:

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere