ကြိုးစားတာ အချည်းအနှီးမဖြစ်ပါ

ဒို့အားလုံးသိကြတယ်
ဘယ်လောက်များတဲ့တိမ်တိုက်တွေ
ရှေ့မှာရှိနေနေ၊
နေမင်းကြီးဟာ ဆက်လက်တောက်ပနေမှာပဲ။
သူ့ရဲ့အလင်းတန်းတွေကို
အကြိမ်ဘယ်လောက်အများကြီး
ဒို့ရဲ့မြင်ကွင်းက ပိတ်ဆို့ထားပါစေ
နေမင်းကြီးက ပြန်ထွက်လာလိမ့်မယ်
နောက်တစ်နေ့ကျရင်လေ
အရင်ကထက်တောင်ပိုပြီး
ထွန်းလင်းတောက်ပနေဖို့ပေါ့။
တစ်ခါတစ်လေ ဘ၀ထဲကို
ဝင်လာတတ်တဲ့
တိမ်မည်းကြီးတွေကို
ကျော်လွှားအနိုင်ယူဖို့
ခိုင်မြဲတဲ့ သန္မိဌာန်ရှိဖို့လိုတယ်။
ကိုယ့်ရှေ့မှာ ဘာတွေပဲရှိနေနေ
ဆက်လက်တောက်ပနေစေဖို့အတွက်
စိတ်ရှည်ရှည်ထားဖို့လိုတယ်။
အချိန်တန်ရင်အသီးအပွင့်ကို
ခံစားရစမြဲပဲ။
အခက်အခဲတွေကို ကျော်ဖြတ်ဖို့
အင်အားတွေ အတွင်းမှာရှိနေတာကို
သင်အမြဲတမ်းတွေ့ရပါလိမ့်မယ်၊
ဘာကြောင့်ဆိုတော့ သင်နဲ့နေမင်းကြီးမှာ
တူညီတာတွေအများကြီးရှိနေတယ်လေ
ဘာပဲဖြစ်နေနေ
သင်တို့နှစ်ဦးစလုံးဟာ
ထွန်းလင်းတောက်ပနေကြမှာမို့ပဲ။






0 comments:

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere