အိမ်မက်အပိုဒ်ခွဲ (၂)

ငါ့ ရင်ထဲက
လတစ်စင်းကို အတင်းထိုးပေးနေတာတောင်
မီးအိမ်တစ်ခုကို လက်ညိုးထိုးပြီး
ပူစာနေတဲ့ ကောင်မလေးရေ….
ငါ့ မာနနဲ့ သိက္ခာကို
လမ်းခင်းပြီး မင်းဆီလာတာတောင်
လှည့်မကြည့်ဘူး….(လုပ်ရက်တယ်နော်)
ဆားမခတ်တဲ့ ဟင်းတခွက်လို
အချစ်မပါတဲ့ ဘ၀တစ်ခုကို
ပေါ့ပျက်ပျက်ဘဲ စားသုံးချင်လာတယ်….
ဒီတစ်ခါတော့ ငါ့ကိုငါ
မောင်းပြန်တင်ပြီး
ခပ်ဟဟ တော့ရီချင်မိတယ်….
ငါ ဆုတောင်းပါတယ်….
ငါ့ ရင်ထဲမှာ နေကြတ်တဲ့နေ့ 
မရောက်ပါစေနဲ့  ။

0 comments:

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere