မဟတ္တမ ဂန္ဒီ ရဲ့ ဖိနပ်တစ်ရံ

တစ်နေ့ မဟတ္တမ ဂန္ဒီကြီး ခရီးသွားရန် ရထားပေါ်အတက်မှာ သူ၏ ဖိနပ်တစ်ဖက် ကျွတ်ပြီး အောက်ဘက်
သံလမ်းပေါ်ကျ လေသည်။ ရထားက ထွက်စပြုနေပြီဖြစ်ရာ သူ မကောက်ယူနိုင် တော့။
ဘေးလူတွေ ငေးကြည့်နေကြစဉ် ဂန္ဒီက အေးအေး ဆေးဆေးပင် သူ့မှာ ကျန်နေသေးသည့် ဖိနပ်
တစ်ဖက်ကို ချွတ်ကာ စောစောက ကျွတ်ကျခဲ့သည့် နေရာဘက်ဆီသို့ လှမ်းပစ်လိုက်သည်။
***ဟာ …ဘာလုပ်တာလဲ..*** ခရီးသည် တစ်ယောက်က မေးသည့်အခါ ဂန္ဒီကြီးက ပြုံးပြီး ***
စောစောက တစ်ဖက်တည်း ကောက်ရမယ့်လူ အခုတော့ တစ်ရံ ရသွားမှာ ပေါ့ဗျာ။ အဲဒါဆို သူ စီးလို့
ရသွားပြီ ***ဟု ဖြေလေသည်။

0 comments:

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere