အိမ်မက်အပိုဒ်ခွဲ (၁)

အိမ်မက်အပိုဒ်ခွဲ (၁)
ကောင်မလေးရေ….
နှစ် ဟာ တစ် ရဲ့ နောက်မှာနေပေမဲ့
တန်ဖိုးပိုကြီးတယ်ဆိုတာ
အခုထိမင်းမသိသေးဘူးနော်….
ငါ့ ရင်ခွင်ကို
သာလာယံ ဇရပ်သာသာ
ခဏတာ မခိုအောင်းချင်ပါနဲ့ ကွာ….
ငါ မဟုတ်တဲ့ သူ အတွက်
ဘာမှမဟုတ်ပေမဲ့
ဘ၀နဲ့ ချီထားတဲ့ ငါ့အတွက်
နဲနဲတော့ စဉ်းစားပေးပါနော်….
ငါ့ မှာ….
အားငယ်ဝမ်းနည်းမူတွေကို
ကျိတ်မှိတ်ဝါးမျိုပြီး (အဟာရတစ်ခုလို)
အလုံးစုံ ပျော်ရွှင်ရမဲ့ နေရက်ဆီကို
လက်ချိုးရေနေတာ
မင်းသိပါစေကွာ ။


0 comments:

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere