ခရစ္စမတ်ပွဲတော် နဲ့ အမှတ်တရ

ခရစ္စမတ်ပွဲတော် နဲ့ အမှတ်တရ
ခရစ္စမတ်ရာသီရောက် ရောက်ခဲ့ပြီနော်…။ နှစ်ဟောင်းတစ်ခု ကုန်ဆုံးလို့ နှစ်သစ်ကိုကြိုဆိုကြတော့မယ်.လ ဖြစ်တဲ့ ဒီဇင်ဘာလမှာ ခရစ္စမတ်ပွဲတော်များ၊ ညစာစားပွဲများ ခရစ္စမတ်သစ်ပင်များ ကိုလည်း နေရာအနှံ့ တွေ့နိုင်ပါပြီ။ နှစ်သစ်ညစာ စားပွဲ အလေ့အထများကို တစ်ချိန်က ဥရောပနိုင်ငံများနဲ့ အနောက်နိုင်ငံများမှာသာ အများဆုံး ကျင်းပလေ့ရှိခဲ့ ကြတယ်လို့ သိရပါတယ်။ အခုနောက်ပိုင်း ယဉ်ကျေးမှုချင်း ခလုတ်တိုက်မိလာကြတဲ့ ခေတ်မှာတော့ ဘာသာအယူဝါဒကို ခဏဖယ်ခွာပြီး လူလူချင်းဆိုတဲ့အမြင်နဲ့ တစ်သားတည်းပါဝင် ဆင်နွဲလာခဲ့ကြပါတယ်။
ညခင်း ဒီဇင်ဘာလ လေး ရောက်တိုင်း အရမ်းပျော်မိပါတယ်…ငယ်ငယ်တုန်းကတဲ က ခရစ္စမတ် သီချင်းလေးတွေ ခရစ်ယာန် အိမ်လေးတွေဆီက ကြားတိုင်း သွားကြည့် ရတာ အမောဘဲ…။အမှတ်အရဆုံး သီချင်းလေးကတော့ Jingle Bells ပဲ ဖြစ်ပါတယ်။ ခရစ္စမတ်ရောက်တိုင်း သူငယ်ချင်းတွေက လက်ဆောင်ပေးကျ…မုန်စားဖို့ ဖိတ်ကျနဲ့ပေါ့….ဖိုးဖိုးက ညခင်း တို့မောင်နှမ ကို အမြဲဆူပါတယ်… chirstmas & newyear ကိုယ်နဲ့ ဘာဆိုင်လို့တုန်း သွားရဘူးတဲ့။ အဲလိုဆူတဲ့ အခါတိုင်း ညခင်းတို့မောင်နှမတွေက ပြန်ပြီးအထွန့်တတ်ပါတယ်။ဖိုးဖိုးရယ်…ပျော်ချင်လို့ ခေါင်းစဉ်တတ်တာပါ…သမီးတို့နဲ့တော့ဘာမှ ဆိုင်ပါဘူးလို့ပေါ့။ အဲလိုနဲ့ ခွင့်ပြုချက်လေး ယူလိုက်…မရရင် ခိုးလုပ်လိုက်နဲ့ ပျော်ရွှင်မှုလေးတွေကို ရယူခဲ့ဘူးပါတယ်။
ဒီလ လေး မှာ အမှတ်တရ လေးတစ်ခုတော့ ညခင်းမှာ ရှိခဲ့ဘူးတယ်…။ ညခင်းရဲ့မောင်လေး တစ်ယောက် ကို ခရစ္စမတ်ကဒ်လေး နဲ့ ခရစ္စမတ် ဘိုးဘိုး ရုပ်ကလေး ၀ယ်ပြီးတော့ သူတို့ သိအောင် တိတ်တိတ်လေး ပို့ပေးပါတယ်။ ပြီးတော့ မှ ခရစ္စမတ်မှာ ဘာလက်ဆောင်ရသလဲ လို့ အစ်ပါတယ်။ အစ်မတွေ ဆိုရင် ချစ်ကြောက်ရိုသေ ရတဲ့သူဆိုတော့ လိမ်လဲ မလိမ်ရဲ နဲ့ ဘယ်သူပို့မှန်း လည်းမသိနဲ့ သူခမျာ ဒုက္ခရောက်တာ ကို ကြည့်ပြီး ပျော်ရွှင်ခဲ့ဘူးပါတယ်။ အဲလိုနဲ့ ၃နှစ် ရှိပြီ သူငယ်ချင်း တွေကို ခရစ္စမတ် နားနီးလာတိုင်း လက်ဆောင်လေး တွေပေးးဖြစ်ခဲ့တယ်။ ဒီနှစ်ကတော့ ဘယ်သူ့ကို မှ ဒုက္ခ မပေးရသေးပါဘူး…။ ဘယ်သူကို စ ရမလဲ လဲ စဉ်းစားနေပါတယ်။ ဒီနေ့တော့ လက်ဆောင်လေး တွေ သွားဝယ်မယ်လို့ စိတ်ကူးတယ်…။ရက်လဲ နီးလာပြီလေ။ ကိုယ်ရှိက လက်ဆောင်လေး ရလို့ပျော်ရွှင်သွားတဲ့ တစ်ဖက်သားရဲ့ မျက်နှာလေးကို…အရမ်းမြင်ချင်လို့ပါ။ ခရစ္စမတ်ည တွေမှာတော့ ထွေထွေထူးထူး လုပ်တာ မရှိပါဘူး။ New Year ညကျ အစီအစဉ်လေးတွေ ရှိနေ တာနဲ့ ခရစ္စမတ် ညတိုင်းမှာ…အိမ်မှာ ငြိမ်ငြိမ်လေး နေ နေပါတယ်။ . အချစ်ဆုံး ဒီဇင်ဘာလ ရဲ့ အပျော်လေးတွေကို ပြန်လည်ပြောပြခြင်းပါ။
ညခင်း ချစ်တဲ့ ဘလော့မှ မောင်နှမများ ခရစ္စမတ်မှာ ပျော်ရွှင်ပါစေ၊ စိတ်ချမ်းချမ်းသာသာ ကိုယ်ကျန်းကျန်းမာမာနဲ့ဖြတ်သန်းနိုင်ကြပါစေ လို့ ဆုတောင်းပေးပါတယ်။
Ps… ဒီဇင်ဘာလ မှာဘဲ သူနဲ့ တွေ့ခဲ့ရ သလို ၊ သူနဲ့လမ်းခွဲရဘူးတယ်။

1 comments:

***လမင်း*** said...

1. နေ့အိပ်မက် Says:
December 14th, 2008 at 11:09 pm edit

တီတီညခင်းရေ… ဖြောင်းဖြောင်းဖြောင်း
တူတူလမင်းရေ… မခံနဲ့ ပြန်ချ
(ဘာမှဟုတ်ဘူး၊ ချွန်တွန်းဝင်လုပ်ကြည့်တာ :P)
2. မသက်ဇင် Says:
December 15th, 2008 at 5:42 am edit

တီညခင်းပြောသလိုပဲလား နယ်သားရေ—-
အခြေအနေ ဆိုးနေပါလား—-
3. ၀ါဝါခိုင်မင်း Says:
December 15th, 2008 at 7:50 am edit

ဟဟဟားး မိုက်တယ်ကွ..ရှယ်ပဲ.
ညခင်းရေ..ဆက်လုပ်.. ဟုတ်ပ သူ့ကိုယ်သူများမင်းသားရုပ်
တဲ့လေ ..လမင်း က..ခွီးးးးးးး
ရည်စား ၁၇ ယောက်ဆိုတာလဲ အာဖြန်ရွှီးပဲနေမှာပါ..သူက
ကြိုက်တာနေမှာပေါ့..သူ့ကိုတော့ ပြန်ကြိုက်မယ် မထင်..
အကျင့်လေးကလဲဆိုး ၊ရုပ်ကလေးကလဲ… ဟဟ ပြောတော့ဘူးး တော်ကြာ အစ်မကို ဓါးနဲ့လာခုတ်နေဦးမယ်.
ဟီးးးးးး အခြေအနေ မီကောင်းဘူး..အမြန်လစ်မှ.း)
တာ့တာ..ဘိုင်းဘိုင်..ဆာရိုနာရ. ဆိုက်ကျင့်
4. Welcome Says:
December 15th, 2008 at 8:55 am edit

မိုက်တယ်၊
ဘယ်ဖက်ကနေ ၀င်ခွပ်ရမယ်မသိ။
သူတို့ဖာသာ သူတို့ ရန်ဖစ်တာ။
ကြည့်လို့ကောင်းဒယ်။
5. ပုလဲ Says:
December 15th, 2008 at 12:34 pm edit

တီညခင်း အားကြီးကောင်းတယ်
အားပေးတယ် နောက်လဲဆက်ရေးနော်
ကိုတော်လမင်းက အဲလိုဆိုတာ မှတ်သွားပြီ :P
6. ပန်းခင်းလေး Says:
December 15th, 2008 at 1:21 pm edit

ကဗျာလေးကမိုက်တယ်
လမင်းကတော့ ဒေါကီးနေလောက်ပြီနော်
လမင်းရေ မသိလို့ မေးမယ်နော် :P
တကယ်ကျန်ရစ်လေးလားဟင် :P
7. အလှတရား Says:
December 15th, 2008 at 6:28 pm edit

ဟယ်..
တို့ကိုဂျီးခံနေရပါလား

တီညခင်းကလည်း မညှာမတာကို ကစ်တာနော်…

ရီးစား ၁၇ ယောက်ရှိတဲ့လူကိုများ.
အနော်တို့က အထင်မသေးရဲပါဘူးဂျာ..
ဟေးဟေး:P :P
8. ဥယျာဉ်မှူး Says:
December 16th, 2008 at 12:09 pm edit

အားပါးပါး
ညီငယ်လမင်းတော့ အလူးအလဲကို ခံနေရပါလား
အန်တီညခင်းတို့ကတော့ လက်သံပြောင်တယ်ဗျာ
မကြာခင်မှာ တင်လာမယ့် ညီငယ်လမင်းရဲ့ကဗျာ
ကိုတော့ မျှော်နေပါတယ်.. ဟဲဟဲ..
ညီငယ်ရေ ရေးသာရေး ရေးသာရေး ဟဲဟဲ
9. putu Says:
December 16th, 2008 at 12:33 pm edit

လမင်းရေ…
ညခင်း ကို ပြန်ဆော်တဲ့ကဗျာကို လျင်မြန်စွာရေးပြီးတင်လိုက်ပါ ..
(သူ့အကျင့်တွေကမသိရင်ပြောပြမယ် အတွင်းသိ)
ဘာမှမကြောက်နဲ့ အားပေးတယ် ဆက်လုပ်
ဟီးဟီး
10. အိမ် Says:
December 17th, 2008 at 4:25 am edit

တယ်ဟုတ်ပါလားဗျ အရေးအတွေးလေးတွေလန်းတယ်ဗျာ။
ဒါနဲ့များဗျာ ဘလော့သူတွေအကြောင်းပြန်ရေးတာ မဟုတ်ဘူး။
ကျနော်တို့မှာ ၃ယောက် ၁ယောက်နဲ့ခံလိုက်ရတယ်ဗျ။
11. မီးလေးဇာ Says:
December 17th, 2008 at 10:53 am edit

လမင်းကအဲ့လိုမျိုးလေးလား………..
ဖင်စလောင်းနဲ့….စမုတ်တံရုပ်ဆိုတော့…..အင်းးးးးးးးးး
ကြည့်ရတာတော်တော်လေးကို………တာပဲ
ဟိဟိ
12. သက်တန့် Says:
December 17th, 2008 at 2:52 pm edit

သြော်…
လက်စသတ်တော့…
လမင်းတို့က ဂလိုကိုး…
ဟက်ဟက်… :P

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere