အဆိပ်သင့် ပျားရည်

……………အဲဒီနေ့
နှစ်လုံးသားက စည်းချက် မမှန်
ရင်ခုန်သံတွေမြန်လို့
ချန်ထားခဲ့ရမှာတောင် နှမြောတယ်။
သူ့ရဲ့ အပြုံး တစ်ပွင့်
ကြွေအလွင့်မှာ
တစ်ကမ္ဘာလုံးက ပန်းတွေ
ပွင့်ကုန်ပြီထင်ရဲ့။
ငါ နားလည်လိုက်ပါတယ်။
သူ့ အပြုံး အောက်မှာ
ငါ့ မာနတွေ ကြွေကျမယ် ဆိုတာ
ငါ့ အတ္တတွေ မြေခမယ် ဆိုတာ
ငါ့ နှလုံးသားက အဖြေ ပြမယ် ဆိုတာ
ဘယ်အချိန်မှာ ဘယ်လို မုန်းမုန်း
အခု သူ့အပြုံးမှာ
တစ်ဘ၀လုံး အတွက်
အရှုံးပေးလိုက်ရတယ်။
သူ့ရဲ့ အပြုံး တစ်လွှာဟာ
ငါ့ နှလုံးသား ကမ္ဘာမှာ
လမင်း တစ်ရာ သာစေမှာကို
အသေအချာ သိလိုက်ရတယ်
အဲဒီ နေ့မှာပေါ့။
ငါ ကြောက်တာ တစ်ခုက
သူ့ရဲ့ အပြုံး အောက်မှာ
အိပ်မက် ပျောက်သူတွေ
ဘယ်လောက် များပြီလဲ ဆိုတာ။
ဒါပေမဲ့လည်းကွယ်….
နှလုံးသား ကွဲကြေ
မျက်ရည်တွေ ဝေလည်း
ငါ ဒူးထောက်နေတယ်
သူ့ အပြုံးတွေ အတွက်။

0 comments:

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere