ပေါ့ကျနဲ့ ဂိတ်ဆုံး လမ်းခွဲ

ကောင်းတော့ မကောင်းဘူးပေါ့
ဒီလိုပြောမှ ရမှာ ဆိုတော့
မင်း
ဒီအကြောင်းမပြောနဲ့ကွာ……

ကောင်းတော့ မကောင်းဘူးပေါ့
ဒီလိုပြောမှ ရမှာဆိုတော့
မင်း
ပြောလေကဲလေ မပြောတော့နဲ့ ဆိုနေမှ….
ကောင်းတော့ မကောင်းလှဘူးပေါ့
ဒီလိုပြောမှ ရမှာဆိုတော့
မင်း…
ငါရှိတဲ့နေရာ ၀င်မလာရင်ကောင်းမယ်…..

ကောင်းတော့ မကောင်းဘူးပေါ့
ဒီလိုပြောမှ ရမှာဆိုတော့
ဟေ့
မင်းကို ငါ…………။
ဒီလိုနဲ့
အဲဒီနေ့က
သူက ပေါ့ကျ**
ကျွန်တော်က ဂိတ်ဆုံး***
သူကလည်း ခပ်တုံးတုံး
ကျွန်တော်ကလည်း ခပ်မုန်းမုန်း
သူက ဂဏန်းတစ်လုံးနဲ့
အဖျင်းစကား….
ကျွန်တော်က စာတစ်လုံးနဲ့
တင်းထား….
သူရင်းထားတာက ဗလာ
ကျွန်တော်ရင်းထားတာက ကဗျာ
ဘယ်မှာ အဆီအငေါ်တည့်မှာလဲ…။ ။
……………………………………………………..။ ။……………………………………………….
**ပေါ့ကျ လက်ဖက်ရည်ဖျော်နည်းတစ်မျိုး။
***ဂိတ်ဆုံး လက်ဖက်ရည်ဖျော်နည်းတစ်မျိုး။

0 comments:

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere