ဖေဖော်ဝါရီ ၁ရက်နေ့(အမှတ်တရ)

ညခင်းရဲ့ လမင်း ဘလော့ လေး စတင်ခဲ့တာ တစ်နှစ်ပြည့်ရန် ……

တင်ဇာမော် သီချင်းလိုပဲ စွဲလန်းမှုပြသသနာ…လေ။ ဆိုပြတော့ဘူးနော်…။ ဘလော့လာလည်တဲ့ သူတွေ ထွက်ပြေးကုန်မှာစိုးလို့..။ဟဟဟ

သူများတွေကတော့ဘာကို စွဲလန်းလဲသိဘူး၊ ညခင်းကတော့ အင်တာနက်ကြီးထဲက ညခင်းရဲ့လမင်းဘလော့လေးက ပြုစားနေပြီ။ ဒီစွဲလန်းမှုရဲ့ ဒုက္ခက မသေးဘူးနော်။မနက် ၁၀နာရီမှ ညနေ ၆နာရီအတွင်း ရောက်ယှက်ကိုခပ်နေအောင်လုပ်ရတာ။ အလုပ်တစ်ဘက်နဲ့သူမိုလို့ အလုပ်လဲ မလစ်ဟင်းရအောင် ကိုယ်ရေးထားတဲ့ ဘလော့လေး လဲမလစ် ဟင်းရအောင်နဲ့ ဆပ်စလူးကိုခါနေတော့တာပါဘဲ။ ဒီကြားထဲ အခုတစ်လော နက်မကောင်းတော့ ပိုဆိုးပါတယ်။ freedom နဲ့ကျော် ဟို proxy နဲ့ကျော် ဟိုကျော်ဒီကျော်။ တစ်ခါတစ်လေများ ဖျက်ပစ်ဖို့ ထိ စိတ်ကူးတယ်။ ဒီဘလော့ကြောင့်ပဲ တူအရီးနှစ်ယောက် ရန်ဖြစ်ရတာ လဲ အမောပါဘဲ။ သံယောဇဉ်ရှိရင်းစွဲမို့လို့ပေါ့။

အဲလိုနဲ့ လိမ်ဖယ်လိမ်ဖယ်နဲ့ ရေးလာခဲ့တာ မနက်ဖန် ဖေဖော်ဝါရီ ၁ရက်နေ့ဆို တစ်နှစ်ပြည့်ခဲ့ပါပြီ။ ပိုစ့်ပေါင်း ၂၄၂-ခု၊ ရေးသားခဲ့ပြီးပါပြီ။ ပထမဆုံး လိပ်စာလေးကတော့ www.nyahkinyaelamin.blogspot.com ပါ၊ ၂၀၀၈ခုနှစ် သြဂုတ်လမှာ တော့ Wordpress သို့ပြောင်းခဲ့ပါတယ်။ www.nyahkinyaelamin.iblogger.com အခုလိပ်စာ လေးပေါ့။ Wordpress လေးနဲ့လည်း ရင်းနှီးအောင် တူအရီးနှစ်ယောက် တော်တော်ကြိုးစားခဲ့ရတယ်။ဒီကြားထဲပျက်မလိုဖြစ်လို့ စိတ်ညစ်ခဲ့ရပါသေးတယ်။ အဲဒီ နောက်မှာတော့ စာတွေကို backup လုပ်ထားရင်း www.nyahkinyaelamin.co.cc လေးကိုလည်းဖန်တီးဖြစ်ခဲ့တယ်။

အခုလို တစ်နှစ်တာ ကာလအတွင်းမှာ ဘလော့နဲ့ပတ်သက်တဲ့ အတွေ့အကြုံလေးတွေ တော်တော်လေးရခဲ့တယ်။မနက်ဆို ကွန်ပျူတာရှေ့ရောက်တာနဲ့ ဘယ်သူတွေများ ဘာပြော သွားခဲ့ကြမလဲ။ပိုစ်လေးကရော…စီဘောက်လေးထဲမှာရော…နဲ့အိမ်လည်သွားလို့…..ဖိတ်ခေါ်လို့ လာလည်ကြတာလား၊ ကိုယ်မရောက်ဖြစ်ပေမဲ့ အမြဲလာအားပေးတာ ရော ဘယ်နှစ်ယောက်လဲ ရေတွက်ရတာ အမောပါ။ ကိုးလို့ကန့်လန့်ပြောသူတွေ နဲ့လည်းကြုံခဲ့ရဘူးတယ်။ ဒီကြားထဲ ကိုယ်ရဲ့ဘလော့လေးက စာတွေကို ကူးယူပြီး ခပ်တည်တည်နဲ့ ဖိုရမ်တစ်ခုပေါ်တင်ထားတာမျိုး၊ forword mail နဲ့ ပို့လို့ ကူးယူတာမျိုးရောပေါ့ ။ စုံလို့ပါပဲ။

ညခင်းနဲ့လမင်းမှာ တစ်နေ့တစ်ခြား ဒီဘလော့လေးက တာဝန်ကြီးလာပါတယ်။ လမင်းလဲ စာတွေများလာတဲ့အတွက် အချိန်ကိုလုနေရပါပြီ။ အိမ်လည်ဖို့တွေလဲပျက်ကွက်တာ ရှိတာပေါ့။ ညခင်းနဲ့လမင်းမရောက်ဖြစ်ပေမဲ့ အမြဲအားပေးနေတဲ့ အစ်ကိုညီမမောင်လေးများလည်း ရှိနေပါတယ်။ ဘလော့ မောင်နှမများရဲ့ ချစ်ခင်စွာ အားပေး လက်တွဲခေါ်ယူမှုကြောင့် ဒီလောက် ခရီးရောက်ခဲ့တယ်လို့ဆိုရပါမယ်။ အားလုံးသောမောင်နှမများ ကျေးဇူးတင်ပါတယ် လို့ပြောပါရစေ။

ညခင်း ရင်ထဲ ရှိတဲ့ အလှအပအကြောင်းအရာလေးများ၊ ရင်ထဲခံစားချက်များ၊ ဗဟုသုတများ၊ မှတ်စုလေးများကို ရိုးသားစွာ ဖော်ထုတ်ပြသခွင့်ရတဲ့အတွက် ကြည်နှုးမိပါတယ်။ ဒီဘလော့လေးကို ညခင်းနဲ့လမင်းတို့ ဖန်းတီးနေတာ ဘာနဲ့တူသလဲဆိုရင် မိန်းမငယ်လေး တစ်ဦး သနပ်ခါးလူးတာ နဲ့တူပါတယ်။ နေ့တွေညတွေ ဘယ်လိုပြောင်းပြောင်း အလှမပျက်သနပ်ခါးဖက် လျှက်လို့ ဆိုရပါမယ်။ ဒီဘလော့လေး စတင်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့

စာရွက်ဗလာပေါ်မှာ

မြစ်တစ်စင်း တင်လိုက်ခြင်းပါ…

အဲဒီမြစ်မှာ

မျှော်လင့်ချက် ရည်ရွယ်ချက်

အိမ်မက်တွေ ထည့်သွင်း လိုက်တဲ့ အခါ…………

ကောင်းကင်ကကြည်လင်နေဦးမှာပါ….မြေသားကလည်းခိုင်ခံ့သေချာနေဦးမှာပါ…. လတ်ဆတ် တဲ့ လေပြည်၊ စိမ်းသစ်တဲ့ သဘာဝတရား အမြဲထာဝရ တည် ရှိနေဦးမယ်…အဲဒီ အချိန်တွေ ထဲက ကျွန်မတို့ ဘာတွေများ ရယူနိုင်ကြဦးမလဲ…ကိုယ်အတွက်ကိုယ်ပတ်ဝန်းကျင် အတွက် ဘာတွေများ စွမ်းဆောင် ပေးနိုင်ကြဦးမလဲ…စဉ်းစားရင်း

ဘ၀ဆိုတာ အသစ်အသစ်သော အရာတွေနှင့် အကောင်းဆုံးတည်ဆောက်ခွင့် တွေဖန်တီး ရယူနိုင်ဖို့ အခွင့်အရေးတွေ အများကြီးရှိသေးတဲ့ အခြေအနေတစ်ခု ဖြစ်တယ်ဆိုတဲ့ အကြောင်း….

ဘ၀ဆိုတာချစ်စရာကောင်းတဲ့ နံနက်ခင်း တွေမှာ လမ်းလျှောက်ထွက်ခြင်း လို့သာ ယူဆနိုင်မယ်ဆိုရင်…လတ်ဆတ် တဲ့လေကို ရှုရှိုက်၊ ကျယ်ပြန့်လွင့်မျောတဲ့ ကောင်းကင်အောက်မှာ ခဏတာ အတူတကွ လမ်းလျှောက် ထွက်ကြရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဖတ်မိတဲ့ လူတိုင်း အတွက် ရသမြောက်စွာ ခံစားနိုင်စေဖို့ မျှဝေခံစားခြင်း ဖြစ်ပါတယ်လို့…..ပြောရင်း ဘလော့လေး ရဲ့ တစ်နှစ်မြောက်နှစ်ပတ်လည် မှသည် ဆက်လက် ကြိုးစားပါဦးမယ်လို့ ဆန္ဒပြုရင်း…

အားလုံးကိုချစ်ခင်လေးစားလျှက်…

ညခင်း

0 comments:

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere