မှန်

မှန် ကို တစ်ခါမှ မမြင်ဘူးသူ မကြည့်ဘူးသူတစ်ယောက်မှန်ကို ပထမဆုံးအကြိမ်မြင် တွေ့သွားရင်ဘာဖြစ်မယ်ထင်ပါသလဲ။လန့်သွားမယ်ထင်တယ်။ စဉ်းစားဆင်ခြင်တဲ့အလေ့အကျင့်မရှိတဲ့သူတစ်ယောက်လည်း စဉ်းစားစရာ တစ်ခု စဉ်းစားဆင်ခြင်မိသွားရင်ဘာဖြစ်မည် ထင်သလဲ……..

မှန်ကို တစ်ကြိမ်တစ်ခါမျှမတွေဖူးသူများအကြောင်း…

ထင်းခုတ်သမားတစ်ယောက်တောထဲသွားရင်း နေရောင်အောက်တွင်တလက်လက် ဖြစ်နေသောအရာတစ်ခုကိုတွေ့သည်။ဘာမှန်းမသိကောက်ယူကြည့်သည်။ မှန်တစ်ချပ်ဖြစ်နေသည်။ သို့သော်မှန်ကို မှန်ဟုမသိ၍ ကြည့်ပြီးထိတ်လန့်သွားလေသည် ။ ကွယ်လွန်သွားတဲ့အဖေရဲ့ပုံတူပါလား...တောစောင့်နတ်ကပေးသနားတာပဲဟု....

အိမ်သို့ယူဆောင်သွားပြီးခေါင်းအုံးအောက်မှာ တရိုတသေထားလေသည်။ညအိပ်ရာဝင်တိုင်း၊ထင်းခုတ်သွားခါနီးတိုင်း ကြည်ဖြစ် သည်။ရက်အတန်ကြာတော့ဇနီးဖြစ်သူကမယုံသင်္ကာဖြစ်လာပါတယ်။ တစ်စုံတစ်ခုကိုကြည့်ပြီးပီတီဖြစ်နေတယ်ဘာလဲမသိ ဟု တောထဲယောက်ျားသွားတုန်း ယူကြည်လေသည်။ သူလည်းမှန်ကိုတစ်ခါမျှမမြင်ဖူးသူဖြစ်၍ ထိတ်လန့်အံသြခြင်းနှင့်အတူ ကြေကွဲခြင်း၊ ဒေါသဖြစ်ခြင်းတို့ဖြစ်လာသည်။ သူ့ယောက်ျား တစ်ခြားမိန်းမတစ်ဦးနှင့် ဖောက်ပြားနေပြီ။ ထိုမိန်းမပုံကို တမြတ်တနိုးခေါင်းအုံးအောက်ထား၍နေ့တိုင်းကြည့် သည်ဟု ထင်မှတ်ကာ ပြန်လာရင်သိမယ်ဟု မောင်းတင်ထားလေသည်။

ယောက်ျားပြန်လာတော့ ဒေါသတကြီးဖြင့်ပြောဆိုရာ ရန်ပွဲဖြစ်လေသည်။ယောက်ျားက လည်း သူကြည့်နေတာမိန်းမပုံမဟုတ်ပါဘူး။သူ့အဖေပုံပါလိုဖြေရှင်းပေမဲ့မရဘူး။ အဲလိုနဲ့ တစ်ဦးနှင့်တစ်ဦး ညှိနိုင်းမရတော့သဖြင့် ကျေးရွာထုံးစံအတိုင်း ရွာဦးဘုန်းကြီးရဲ့ အဆုံးအဖြတ်ကို နာခံရန် ဘုန်းကြီးကျောင်းသွားကြရလေသည်။

ဘုန်းကြီးက အကျိုးအကြောင်းမေးသည်။အရင်းအမြစ်ဖြစ်တဲ့မှန်ချပ်ကို ဘုန်းကြီးက တောင်းပြီးကြည့်သည်။ တကယ်တော့ဘုန်းကြီးလည်းမှန်ကိုတစ်ကြိမ်မျှမတွေဖူးပေ။ သည်တော့ဘုန်းကြီးပြောလိုက်တဲ့စကားက…ပျံလွန်တော်မူသွားတဲ့အရင်က ကျောင်းထိုင်ဆရာတော်ကြီးပုံပါလား။ မင်းတို့ နှစ်ယောက်အိမ်မှာ မထားရဘူး၊ ဘုန်းကြီးကျောင်းမှာပဲထားရမယ်ဟု..ပြောလိုက်ပါသည်။

စဉ်းစားဆင်ခြင်ခြင်းဆိုသည်မှာလည်းမှန် နှင့်တူသည်ဟု ဗုဒ္ဒ္စက သားတော်ရာဟုလာ အားဆုံးမသောသုတ္တန်တရားတွင်ဟောခဲ့သည်။မှန်ကြည့်ဖူးသူများဘာကြောင့် မှန်ကြည့်ကြပါသလဲ။တစ်ယောက်တစ်မျိုးဖြေကြမည်သာ။လှမလှသိချင်လို့၊အချိုးကျမကျ၊
ကြည့်ကောင်းမ ကောင်း၊ကြည့်သည်ဟုတ်ပါသည်။ထို့အတူ စဉ်းစားဆင်ခြင်ဥာဏ် သည်မိမိ၏အပြုအမူ၊အပြောအဆို၊အကြံအစည်တို့မှန်မမှန်၊ကောင်းမကောင်း၊အကျိုးရှိမရှိ ဝေဖန်ပိုင်းခြားပေးသည်။မစဉ်းစားမဆင်ခြင်ပဲ ထင်ရာစိုင်း၍ ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်ဟုဆိုကာ ဦးတည်ချက်တိတိကျကျမရှိဘဲပြုမှုပါက လိုရာ ပန်းတိုင် မရောက်နိုင်၊ပန်းတိုင်ပျောက်သွားနိုင်ပါသည်။
လေးစားချစ်ခင်လျှက်
ညခင်း

7 comments:

တားမြစ် ထားသော... said...

မှန်ကို
မှန်လို့ မသိတော့လည်း ဖြစ်တတ်တာပါပဲ။

သုခမိန်(E-Journal)

အိမ် said...

မှန်တယ်ဗျာ။ ဥပမာပေးပုံလေး သဘောကျတယ်ဗျို့။ မှတ်သားသွားတယ်ဗျို့

laminnge2028 said...

မှန်နဲ့ဥပမာပေးတာလေးကိုသဘောကျတယ်ဗျာ။ ညခင်း
ရေ တွေးအခေါ်တခုခေါင်းထဲကို ရိုက်သွင်းပေးတဲ့အတွက်ကျေးဇူးပါ။

laminnge2028 said...

မှန်နဲ့ဥပမာပေးတာလေးကိုသဘောကျတယ်ဗျာ။ ညခင်း
ရေ တွေးအခေါ်တခုခေါင်းထဲကို ရိုက်သွင်းပေးတဲ့အတွက်ကျေးဇူးပါ။

မချစ်ရ said...

တီလေး ငယ် မှန်ကြည့်သွားတယ်နော်

မိုးသောက်(ရှမ်းလေး) said...

အင်း....
မှန်ကြည့်လိုက်မိတယ်...
အင်း....

ဝလုံးဝိုင်းဝိုင်း said...

အခုမှပဲ မှန်ကြည့်ဖို့ အကြောင်း ပေါ်ပေါက်လာလို့ မှန်ကြည့်သွားပါတယ်။ နောင်လဲ အမြဲ မပြတ် ကြည့်ရှု မိမယ် ထင်မိပါတယ် အစ်မ ညခင်း။ ဒီပို့လေး အတွက် ကျေးဇူးပါပဲ အစ်မ။

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere