နံနက်ခင်းကို ဘယ်သို့ ထမယ်

ညီငယ် /ညီမငယ် ဖြစ်တဲ့ လမင်းငယ်၂၀၂၈ ရဲ့ နံနက်ခင်းကို ဘယ်သို့ ထမယ်...ရေးပေးပါဆိုလို့ ရေးပေးလိုက်ပါတယ်။

ညီရေ အစ်ကိုရေးမဲ့ခေါင်းစဉ်လေးက နံနက်ချိန်ခါတေးသံသာလို့ အမည်ပေးမယ်နော်။ ၅၂၈ မေတ္တာတွေ နဲ့ ထုံမွှန်းနေတဲ့ တီလေး ညခင်း နဲ့ တူလေးဖြစ်တဲ့ အစ်ကို လမင်းတို့ရဲ့ တေးသံလေးပေါ့...။

ညဘက်ဆို တော်တော်နဲ့ မအိပ်ဖြစ်တဲ့ ကျနော် မနက်စောစောထဖို့ဆိုတာ တော်တော်လေးပျင်းပါတယ်။ အဲဒီတော့ စောစော ကျောင်းသွားရမဲ့နေ့တွေနဲ့ အပြင်သွားစရာ ရှိတဲ့အခါတွေမှာ...တီလေးညခင်းကိုမေးလ်ပို့လိုက်တယ်။ တီလေးရေ မနက်ကြရင် စောစောနိုးပါ။ ....နာရီ။ ကျောင်းရော ဈေးကိုပါ သွားစရာရှိတယ်...။....အိုကေ...ဒါဆို မနိုးမှာ မပူရတော့ဘူး...။

နောက်တနေ့ နံနက်ရောက်တော့...ကျနော်NOKIA N95-8Gb(ကပ်ကြွား) ဖုန်းလေးမှ အသံမည်လာပါပြီ.....။
~~~I used to call you my girl~~I used to call you my friend ~~~I used to call you the love ~~~The love that I never had ~~When I think of you ~~I don't know what to do ~~When will I see you again
~~
အားးးးးး....ဘာလဲကွာ....အိပ်ချင်မူးတူးနဲ့ကြည့်လိုက်ပါတယ်။ အော်... တီလေး ရှိက....

(တူလေး ထတော့ ၊ သွားစရာ ရှိတယ်ဆို...ထသင့်ပြီ ၊ မျက်နှာသစ် ၊သွားတိုက်တဲ့....) ဖုန်းမက်စ်ဆေ့ လေးကိုဖတ်အပြီး...မျက်တောင်လေး အပိတ်....ဟီးးး (အိပ်ပျော်သွားပြန်ရော)

ဖုန်းသံကြားပြန်ပြီ...ဒုတိယ မြောက်
( ဟာ... ချီးထုတ် ...ထတော့၊နောက်ကျနေဦးမယ်။ လိမ်မာတယ်။ ထထ) ဟုတ်လို့ တော့ ယောင်အော်မိ သားလားပဲ...ထုံစံအတိုင်း (အိပ်...........)

တတိယခါ မြောက်မှာတော့...
(ဟဲ ခွေးစုတ်၊ ထဖို့ပြောနေတာ ၁၅မိနစ်ရှိပြီ...။ ထမလား မထဘူးလား၊ ဒီတစ်ခါပဲနိုးတော့မယ်နော်၊ ဒီမှာ အလုပ်လုပ်နေတာ အားတာ မဟုတ်ဘူး။ တင်းလာပြီတဲ့။မထရင် ချီးပန်းပါစေဟာ)
တေးသံက သာတယ်နော်... ဟီး။

အင်းးးးး...ထမှ မနက်ချိန်ခါ တေးသံသာက နောက် တစ်ချိန်ဆို ခွေးစုတ်ကနေ...လဒစုတ် ဖြစ်တော့မလားမသိဘူး။ အဲဒါနဲ့ ကွန်ပျူတာကိုခြေမနဲ့လှမ်းဖွင့်ပြီး ဂျီတော့ဝင်လိုက်တော့ အသင့်စောင့်နေတဲ့ တီလေးညခင်းကိုတွေ့ပါတယ်။ ထပြီ ထပြီ ဆိပြီးသူသိတာမှ မဟုတ်တာ ၁၅မိနစ်လောက် တော့အသာလေးပြန်ကွေး ခဏတော့ထပ် နှပ်လိုက်တာပေါ့။ ရှုးတိုးတိုးနော်။ အဲလိုလုပ်လုပ်နေတာ တီည မသိဘူး...။

ဂျီတော့ကနေလည်း လှမ်းပြီး ချက်ကင်လုပ်သေးတယ်။ ထပြီလားတဲ့။ ရက်စ် လိုပြောတာ အိပ်ရာထဲကဆိုတော့ စာလုံးပေါင်းမှားသွားတယ်။ ဟင်းးးး...ညာနေပြန်ပြီ...တဲ့။ အဲလိုမှန်း တီညခင်းကလည်းသိမှတော့...သွားရမဲ့အချိန်ထက် နာရီဝက် ကြိုပြီး နိုးလေ့ရှိတယ်။ ဒါကတော့ စောစောလေး ကျောင်းသွားရမဲ့နေ့တွေ့ပေါ့။

ကျောင်းမသွားရတဲ့ နေ့တွေဆိုရင်တာ့ အိပ်ရေးဝမှ ထဖြစ်တယ်။....ကဲ...ညီရေ ဒါကတော့ အစ်ကိုရဲ့ လက်ရှိ မနက်နိုးထချိန်လေးပေါ့။
~~I used to call you my girl~~I used to call you my friend ~~
I used to call you the love ~~The love that I never had ~~When I think of you ~~~~I don't know what to do ~~When will I see you again
~~



ပျော်ရွှင်ကြပါစေ...

လမင်း

12 comments:

မောင်မျိုး said...

ကိုယ် မရေးခင် သူများရေးတာတွေ ဖတ်တယ်း) ကိုလမင်း ရေ့ ကိုကိုရေ့ ထပါတော့လို့ နှိုးမယ့်တစ်ယောက်လောက် အမြန်ရှာတော့ ( ဖွတ်ထားတာထင်တယ် ) ။

ကြယ်ပြာ said...

နှိုးမယ့်သူရှိတာကောင်းပါ့ ...

Phyo Evergreen said...

မနက်ခင်းလေးကသာယာလိုက်တာဗျာ.. ဟီး..

mgnge said...

ဝိုးးး


ကြည်နူး စရာ ပါလား....။

သာယာသော နေ့ သစ်လေး တွေနဲ့  ပြည့်စုံ ပါစေ ဗျို့ ...။

laminnge2028 said...

လာဖက်သွားတယ်နော်။ နိုးပေးမယ့်အန်တီလေးရှိတော့ကောင်းတာပေါ့. ရေးပေးတာလည်းကျေးဇူးတင်တယ်နော်။
ခင်မင်စွာဖြင့်
ကိုကြီး+ငယ်

မေဒီဇာ said...

သူက အဆဲအဆို သံသာယာနဲ့မှကိုးးး ခစ်ခစ်ခစ် အင်း တီလေးရှိနေတော့ ဟုတ်နေတာပဲ... ရည်းစားရှိရင် တီလေးလောက် စိတ်ရှည်နိုင်မှာမဟုတ် ...

wl` said...

သြော် သြော်

ကြည်နူးစရာနံနက်ခင်းလေးပါလား

အားကျစရာပဲနော်

wl` said...

သြော် သြော်

ကြည်နူးစရာနံနက်ခင်းလေးပါလား

အားကျစရာပဲနော်

whiteLie said...

ကိုလမင်းရေ ကြည်နူးစရာလေးပါဗျာ..
တီလေး လို့ဘာလို့ခေါ်တာလဲဗျ ???

၅၂၈ ဆိုတာသေချာရဲ့လား .. ဟဲဟဲ

ကောင်လေး said...

မနက်ထတာ အဆန်းဗျ..။ကောင်းပါတယ်..ဟီးဟီး..။

မသက်ဇင် said...

လမင်း--အိပ်ပုပ်တာကိုးးးးးးး
ပျော်ရွှင်ပါစေ--

အိမ် said...

နံနက်ချိန်ခါတေးသံသာ ပေါ့နော် အဟစ်ဟစ်ဟစ်

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere