သုံးကောင်ဖြစ်သွားမယ်။

အင်းဝခေတ် တောင်ဖီလာဆရာတော်ကြီးသည် ခွေးများကို အစာကျွေးနေရင်းက ကြီးသောခွေးက ငယ်သော ခွေးကို အနိုင်ကျင့်ပြီးကိုက်သောအခါ တဟဲ့ဟဲ့ဖြင့် မောင်းနေရ၏။ တစ်ချို့ခွေးကြီးများကား ဘယ်လောက်ပင်မောင်း မောင်း မရ၊ ပို၍သာ ဆိုးလာ၏။ ထိုအခါ ဆရာတော်ကြီးသည် စိတ်တိုသွား သဖြင့် တောင်ဝှေးကို ကိုင်မြှောက်လိုက်ရင်း ...

...တယ်........ဒီခွေးတွေ ရိုက်လိုက်ရ ငါပါ သုံးကောင်ဖြစ်သွားရော မယ်......ဟု ညည်းတွားရှာလေသည်။

ယခုလည်း ဆုတ်ကပ်ခေတ်ကြီးတွင် မကောင်းသော သူများကသာ များများလာသောအခါ အနည်းစုဖြစ်သော လူကောင်းများက မထူးပါဘူးကွား၊ သူများမိုးခါးရေသောက် ကိုယ်လည်းသောက်တာပဲ ကောင်းပါတယ်ဆိုပြီး မကောင်းတာကို လုပ်မိကြသူကများ၏။ ထိုသူမျိုးကား မိမိကိုယ်ကို သုံးကောင်ဖြစ်စေသူများသာ ဖြစ်၏။


ချစ်ခင်လေးစားလျှက်...
ညခင်း

4 comments:

forlaminlay said...

visits :D

My Diary said...

သုံးကောင်မဖြစ်ချင်ပါဘူး

ဝလုံးဝိုင်းဝိုင်း said...

တော်တော် မလွယ်လှတဲ့ လောကကြီးလား၊ ထိန်းဖို့ ခက်လှတဲ့ ကိုယ့်ရဲ့ စိတ်ပဲလား.. အတွေးများစွာ ပါပဲ အစ်မ..။ အားလုံး အဆင်ပြေ နိုင်ဖို့ပဲ မျှော်လင့်မိတော့တယ်။ သိပ်တော့လဲ မလွယ်လှဘူး။

အိမ် said...

ခက်တယ်ဗျ။ ဘယ်သူမှ ၃ကောင်တော့ ဖြစ်ခြင်မှာ မဟုတ်ပါဘူး
ဒါပေမဲ့လည်း လူအတော်များများက သာမညလူတွေဆိုတော့
၃ကောင်မဖြစ်ခြင်ပေမဲ့လဲ ဖြစ်သွားရတဲ့ သူတွေ အများကြီးရှိနေ
တယ်ဗျ။ ကျနော်ကတော့ ဟိုစကားပုံလိုပဲေ၇ာမရောက်ရင် ရောမလို ကျင့်တယ်၊ တောရောက်တော့ တောလိုကျင့်တယ်၊
ဘာကြောင့်လဲဆိုတော့ ကိုယ်တိုင်က ဘာကောင်မှ မဟုတ်တော့
ဘာမှထူးခြားလာမှာမဟုတ်လို့ပါ။ ကာလဒေသကြည့်ပြီး အလိုက်
သင့်လေးပေါ့ဗျာ နော...။

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere