ကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ် ၈၀ % လျော့ချနည်း

ကင်ဆာရောဂါ ကာကွယ်ကုသရေးမှာ ဆရာဝန်တွေဟာ လူအား ငွေအား တွေအများကြီးသုံးကြပါတယ်။ ဒါပေမဲ့ ကင်ဆာမဖြစ်အောင် ဘယ်လို ရှောင်ရမယ် ဆိုတာ သူတို့ရဲ့ လူနာတွေကို ပြောပြဖို့ကျတော့ အချိန်သိပ်မပေးတတ်ကြဘူး။
ကင်ဆာဖြစ်နိုင်တဲ့အကြောင်းအရာတွေကို ရှောင်လိုက်ရင် ကင်ဆာ အန္တရာယ် မှ ၈၀ % လျှော့ချပြီးသားဖြစ်ပါမယ်။

၁။ ဆေးလိပ်၊ ဆေးတံ မသောက်ပါနဲ့။ ပြီးတော့ ဆေးလိပ်သောက်သူတွေနဲ့ ဝေးဝေးနေပါ။

၂။ အဆီပေါတဲ့ ၊ အဆီများတဲ့ အစားအသောက်တွေကို ဖြတ်လိုက်ပါ။

၃။ အသားမစားပါနဲ့။

၎။ အသီးအရွက် အစိမ်း (မချက်မပြုတ်ဘဲ စားလိုရတာ)တွေ အများကြီးစားပါ။

၅။ အမျှင်ပါတဲ့ Fiber အစားအသောက် နဲ့ လုံးတီးဆန် ၊ လုံးတီး ဂျုံတို့နဲ့ လုပ်တဲ့ အစားအစာတွေ အများကြီးစားပါ။

၆။ မလိုအပ်ဘဲ ဓာတ်မှန်တွေမရိုက်ပါနှင့်။

၇။ နေပူထဲမှာ အကြာကြီးမနေပါနဲ့။

၈။ လျှပ်စစ်ဓာတ်ကြိုးတွေအောက် ဒါမှမဟုတ် ဓာတ်ကြိုးတွေနဲ့နီးနီးမှာ ၊ ဓာတ်အားပေးစက်ရုံနဲ့ နီးနီးမှာ နေထိုင်တာမျိုး မလုပ်ပါနဲ့ လျှပ်စစ်အသုံးအဆာင် ပစ္စည်းတွေနဲ့ သိပ်ကပ်ပြီး ထိုင်တာ၊ အိပ်တာ တွေ မလုပ်ပါနဲ့။

၉။ အရသာ ထူးကဲစေတဲ့ ထပ်ဖြည့် ပစ္စည်းတွေ အများကြီးပါတဲ့ အစားအသောက်တွေကို ရှောင်ပါ။

၁၀။ ကိုယ်အလေးချိန် ကိုထိန်းပါ။

၁၁။ အရက်ကို အနည်းဆုံးဖြစ်အောင်လျှော့သောက်ပါ။

၁၂။ အသားငါး ကျပ်တင်၊ ဆားနယ်၊ ဆားစိမ် ဒါမှမဟုတ် မီးကင်တွေ မစားပါနဲ့။

ဒီအချက်လေးတွေ တတ်နိုင်သမျှရှောင်ကြည့်ကြရအောင်။ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးပါ။ ကျန်းမာရေးနှင့်ပတ်သက်လာလျှင် ကံစိတ်ဥတုအဟာရ ညီမျှစွာနေထိုင်တတ်ဖို့လည်းလိုပါတယ်။ဒါအပြင် အသက်ကို ဥာဏ်စောင့်တဲ့အတွက် သတိပြုဆင်ခြင်ကြည့်ရအောင်နော်။


ပျော်ရွှင်ကြပါစေ...
ညခင်း

5 comments:

Phyo Evergreen said...

ဟီးဟီး ဟင့် ဒီပို့စ်ဖတ်ပြီး ဘာမှချားလို့ရတော့ဘူး.. အသင်ညခင်းကြောင့်

poemflower said...

ဘာမှမစားတော့ဘူးသိလား မမညခင်း ပြီးရင် ဘာမှလာမကျွေးနဲ့နော် မီးမိးကို . . . :P

မိုးခါး said...

း) ကျေးဇူးညခင်း .. မှတ်သွားမယ်နော်း)

အိမ် said...

ဆေးလိပ်ကတော့ ၂ရက်တစ်ဘူး ကုန်တယ်။ အသားလဲစားတယ်
အင်း..ပြောရရင် တခုမှမလွတ်ဘူးဗျို့ ကင်ဆာတော့ ကြိမ်းသေပြီ
သေမှာအဲဒါနဲ့ပဲ။

ဝှိုက်ဝှိုက် said...

အမယ်လေးတော် ကင်ဆာဖြစ်ဖို့ကျိန်းသေသွားပြီ ဟင့်
လျှပ်စစ်ပစ္စည်းတွေနဲ့နီးတဲ့နေရာမှာပဲနေနေတာ ....

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere