အကျည်းတန်သော ဘဲကလေး

ငယ်ငယ်က ပုံပြင်လေး တစ်ခု........

ဟင်ဒါဆင်၏....အကျည်းတန်သော ဘဲကလေး ပုံပြင် ပါ....။
နို့အိုးတိုက်မိသော အပြစ်ကြောင့် ကြောက်အားလန့်အားနှင့် အိမ်မှထွက်ပြေးရသော ဘဲကလေး၊ လယ်တောထဲ ရောက်သွားသည်။ ကိုင်းပင်တွေကြားထဲ ရေစပ်စပ်မှာ ပုန်းနေစဉ် အမဲလိုက် ခွေးကြီးနှင့် တွေ့ရသည်။ အမဲလိုက်ခွေးကြီးက သူကိုမြင်တော့ ပါးစပ်ကြီးကို ဖြဲပြပြီး ကိုက်မစားပဲ ထွက်သွားသည်။ ဘဲကလေးမှာ အလွန်ကြောက်ရွံ့ပြီးစိတ်ဓာတ်အကျကြီး ကျနေချိန်ဖြစ် ၍ သူ့ကို မကိုက်ဘဲ ထွက်သွားသော ခွေးကြီးကို မြင်သော အခါ.........

ငါ့နှယ် အကျည်းတန်လွန်းလို့ ခွေးကြီးကတောင် မစားချင်ဘူး ဟု သူ့ကိုယ်သူ တွေးမိသည်။

ဒီပုံပြင်လေးကိုဘာလို့နှစ်သက်မိလည်းဆိုရင်...လူရယ်လို့ဖြစ်လာကတည်းက...ငွေဇွန်းကိုက်ခါ ရွှေလင်ပန်းနှင့် အချင်းဆေး၊ ပန်းမွေ့ရာ ရွှေကော်ဇော အဆင်သင့်ခင်းပေးမဲ့ဘ၀မျိုးမဟုတ်ခဲ့ဘူးလေ။ ကိုယ်လမ်းကို ထွင် ကစဥ့်ကရဲ အိုးနင်းခွက်နင်း ၀င်ရောက်လာရင်း၊ စိတ်ဓာတ်ကျစရာများကြုံတွေ့လာရပါတယ်။ထိုအခါတိုင်း ပုံပြင်ထဲ က ဘဲလေးကို သွားသတိရမိလို့ပါပဲ။

ညခင်း ဆားချက်ပြီ...ရေးစရာ က လက်ကုန်နေပြီလေ။ ဟီးးးးဟိ


ညခင်း

8 comments:

ကိုရင်ညိန်း said...

ဘဲကင်စားချင်တယ်ဗျို့... အဟေးဟေး

flowerpoem said...

မှန်ပါတယ်ညခင်း ဒီလိုမျိုးတွေများ၂ရေးနိုင်ပါစေ...

lovelessguiter said...

ဟာဟ.... ချက်တဲ့ဆားလေးကလည်း တွေးစရာလေးပါပဲ... ကောင်းတယ်ကွ

မီးမီးငယ် said...

;)

ဘဲကလေးကိုလာဖတ်သွားပါကြောင်း

အရူးလေး said...

အဲဒီဘဲလေး ကျနော့်နဲ့တွေ့ရင် ကိုရင်ညိန်းပြောသလို ကင်စားပစ်မယ် ဒါမှ အားမငယ်မှာနော် :P

အိမ် said...

ပြင်ပရုပ်လက္ခာ ချောတာလှတာထက်၊ စိတ်ချော၊ စိတ်လှတာ ဘယ်ဟာ တန်ဖိုးပိုရှိပါသလဲ ဆိုတာ အရင်ဖြေပါ။
ဒီတော့ ရုပ်ဆိုးသည်သည်ဖြစ်စေ၊ ချောသည်ဖြစ်စေ အဲဒီလူစိတ်
ဓာတ်ဟာမချောရင် အလကားပါပဲဗျာ။

မိုးခါး said...

ဘဲကင်စားချင်တယ်ဆိုပဲ .. ကျောချမ်းစရာပါလား .. :D :D စာပြန်နွေးသွားတယ်နော်း)

Welcome said...

လူတိုင်း ပြီးပြည့်စုံတဲ့ ဘ၀ကို ပိုင်ဆိုင်ဖို့
ကျဉ်းကြပ်ကြပ်ဘ၀ ထဲကနေ မဆုတ်မနစ် ရုန်းထနေရတာပါ
သောကပေါ် ပေါလောပေါ်နေရင်တော်သေး
ကံမကောင်း အကြောင်းမလှလို့ နစ်သထက်နစ်နေရင်စိုးရိမ်စရာပါ။
ဆင်ဆင်ပြေစေဖို့ အားပေးပါ၏။

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere