အဖေ

၎နှစ်သားတုန်းက ငါ့ဖေဖေကြီး ဘာမဆိုလုပ်တတ်တယ်။
၅နှစ်.......ငါ့ဖေဖေကြီး မသိတာ ဘာမှ မရှိဘူး။
၆နှစ်.......ငါ့အဖေက မင်းအဖေထက် တတ်တယ်ကွ။
၈နှစ်.......တို့အဖေက အကုန်လုံးတော့လည်း အတိအကျ မသိဘူး။
၁၀နှစ်......အင်း အဲဒါတော့ အဖေလည်း ဘယ်သိပါ့မလဲ၊ သူက အသက်သိပ်ကြီးပြီိဆိုတော့ ကလေးတုန်းက အကြောင်းတွေ မမှတ်မိနိုင်တော့ဘူး။
၁၄နှစ်......အဖေတော့ ထည့်ပြောမနေနဲ့ ၊သူက ရှေး ရိုးသမားကြီး။
၂၁နှစ်.....အဘိုးကြီးလား.....ထားပါ။ အောက်နေပြီ။ လုံးဝအောက်နေပြီ။
၂၅နှစ်.....အဖေလည်း နည်းနည်းပါးပါးတော့ သိတယ်။ မသိလို့လည်း မဖြစ်ဘူးလေ၊ လူကြီးပဲဟာ။
၃၀ နှစ်....အဖေကို နည်းနည်းပါးပါး မေးမြန်းကြည့်ရင်ကောင်းမယ်ထင်တယ်။ ဘာပဲပြောပြော သူက အတွေ့အကြုံအများကြီးရှိတယ်။
၃၅နှစ်.....အဖေနဲ့ တိုင်ပင်ပြီးမှ ပဲ ဒီကိစ္စအတွက် ငါတစ်ခုခုလုပ်နိုင်မယ်။
၄၀....အဖေသာဆိုရင် ဒီကိစ္စ ဘယ်လိုဖြေရှင်းမလဲမသိဘူး၊ အဖေက အတွေ့အကြုံစုံတယ်။ အမြော်အမြင်လည်းရှိတယ်။
၅၀.....ဒီကိစ္စ အခုနေသာ အဖေနဲ့ တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ပေးရပေးရ ငါပေးပါတယ်။ အဖေ့အရည်အချင်းတွေ သူရှိတုန်းက ကောင်းကောင်းသတိ မထားခဲ့မိတာ သိပ်နှမြောစရာကောင်းတယ်။ တကယ်ဆို ငါ့အဖေဆီက အများကြီး ရလိုက်ဖို့ကောင်းတယ်။
ဖေမြင်(့ နှလုံးသားအာဟာရ)စာအုပ်လေးမှ ဘာသာပြန် ရသ စာလေးဖြစ်ပါတယ်။အဖေ ဆိုတဲ့ စာလေးကိုဖတ်လိုက်ရတော့ မကြာသေးခင်က ကွယ်လွန်သွားသော အဘိုးဖြစ်သူအား သတိရသွားပါတယ်။ ဒီစာထဲကလိုပဲ အဘိုးရှိတုန်း ...သူ့ရှိက ပညာတွေ အများကြီး ရလိုက်အောင် ကြီုးစားသင့်တယ်လို့ နောင်တ ရမိတယ်။
ညခင်း

11 comments:

Welcome said...

ခင်ပွန်းကြီး ၁၀ ပါးထဲ မှာပါတဲ့ မွေးမိခင်နဲ့ ဖခင်ကို စိတ်နဲ့လည်းပဲ မပြစ်မှားအပ် ပါဘူး။ လူကြီး သူမ တွေကို မသေခင် ပြုစုပါ၊ ချစ်ခင်ပါ။ အလေး တယူ ရှိပါစေ၊ သေမှ မငိုပါနဲ့ လမ်းခရီးသာဖို့ ဆုတောင်းပေးပါ ..
(စာလေးအတွက် ကျေးဇူး)

ညခင်း said...

ဟုတ်ကဲ့ကိုဝင်းဇော်
ပြုစု ပါတယ် အစွမ်းကုန်ပါပဲ။ သေတော့လည်း တရားနဲ့ ဖြေပါတယ်။ အတိုင်းအတာ တစ်ခုထိပဲငိုဖြစ်ပါတယ်။ မသေခင် ကျွေးမွေးပြုစုခဲ့ရလို့ နောင်တ မရှိပါဘူး။ အဘိုးရဲ့ မှတ်ဥာဏ်နဲ့ ပညာ ကို လိုက်မမှီ ဖြစ်ခဲ့ရတာ လေး တစ်ခုထဲပါ။

ZUDE said...

ဒီPost ကို ဖတ်ပီး လွန်ခဲ့တဲ့၃လက ကွယ်လွန်ပီးဖြစ်တဲ့ ကျနော့် အဖွားကို သတိရတယ်ဗျာ

မြစ်ကျိုးအင်း said...

အဲဒီစာစုလေးကို ပြန်ရှာနေတာ အရင်က တခေါက်ဖတ်ဖူးတယ် .နှစ်သက်လို့ ကူးသွားပါတယ်.
ဖော်ပြပေးတာကျေးဇူးနော်
...ခင်မင်သောအားဖြင့်...

flowerpoem said...

ွမှတ်သားစရာ စာစုလေးကို ဖတ်သွားပါတယ်..

ဖြိုးဇာနည် said...

ဟုတ်တယ်နော့်အပြင်မှာလဲအဲလိုလူငယ်တွေ
တော်တော်များများတွေ့ဖူးပါတယ်။နောင်တဆိုတာ
နောင်မှ တဲ့ စာဖတ်သူကိုတော်တော်လေးအကျိုး
ရှိစေတဲ့ postလေးပါ။

လမင်း said...

တီတီလေး စာလာဖတ်တယ် --အာဘွား ဟီး

မှတ်ပလား

မသက်ဇင် said...

တန်ဘိုးရှိတဲ့ ပိုစ့်လေးပါ
လူငယ်တွေ အလေးအနက်ထားပြီး ဖတ်သင့်ပါတယ်
လူငယ်တွေ ကြီးလာလို့ဖခင်ဖြစ်လာရင်
မိမိသားသမီးက အခုလို မိဘအပေါ်ပြောင်းလဲထားလာတဲ့
စိတ်မျိုး ဖြစ်ပေါ်လာရင် မိမိဘယ်လို ခံစားရမလဲဆိုတဲ့
မိဘနေရာဝင်ကြည့်သင့်ပါတယ်

mgnge said...

အဖေ ဆိုတာကို စာလုံးတော့ ပေါင်းတတ်တယ် ဗျာ

ပြောပြဆိုရင်တော့ဘယ်လို လည်းမပြောပြတတ်ဘူး

မငုံ said...

သိပ်ကောင်းတဲ့ ပိုစ့်လေးပါ။ ဖတ်ခွင့်တောင် နောက်ကျသွားသေးတယ်။

အိမ် said...

သိပ်ကိုမှန်ကန်ပါပေတယ်ဗျာ.... ကျနော်တို့
အချိန်မနောက်ကျသေးဘူးဗျ..

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere