ထိုထိုယောင်္ကျား။

ယောက်ျားမြတ်တို့ အား(၅)ပါး။

၁။ ဗာဟု -လက်ရုံးအား၊ ကိုယ်လက်သန်မာထွားကျိုင်းခြင်း။
၂။ ဘောဂဗလ-ရွှေငွေ ရတနာ လယ်ယာစပါး စသည် ပစ္စည်းဥစ္စာများ။
၃။ အမစ္စဗလ- မှူးမတ်ရာထူး၊ အာဏာရာထူး စသည်များ၊
၎။ အဘိဇဗလ- ဆွေမျိုးမိတ်သင်္ဂင်္ဟအား။
၅။ ပညာဗလ- ဗာဟုသစ္စသိပ္ပပညာအား။

ယောက်ျားမြတ်တို့၌ ရှိထားကြရမည့် ဗလငါးတန်တို့တွင် တစ်ဆင့်ထက်တစ်ဆင့် အစဉ်အတိုင်းမြတ်၍ ပညာအားသည် အမြတ်ဆုံးဖြစ်သည်။

ယောင်္ကျားသားတို့ အပြစ် (၆)ပါး။

ယောက်ျားမြတ် ဖြစ်လိုသော သူတို့သည် အောက်ပါ အပြစ် (၆)ပါးကို ရှောင်ကြဉ်ကြရသည်။

၁။နိဒ္ဒ -အအိပ်စုံမက်ခြင်း၊
၂။တန္နီ -လုပ်ငန်းရပ်၌ အလိုမသန်း နှေးကန်ဖင့်လေး အေးစက်ထိုင်းမှိုင်းခြင်း။
၃။ဘယ - သတ္တိညံ့ဖျင်း ကြောက်ရွှံ့တတ်ခြင်း။
၎။ကောဓ - သည်းညည်းမခံ ဒေါသထန်ခြင်း။
၅။ အာလသျ - အပျင်းထူခြင်း။
၆။ ဒီဃသုတ္တ -အချိန်ဖင့်လေးပြီးစီးမှု နှောင့်နှေးအောင်လုပ်ဆောင်ခြင်း။

ယောက်ျားတို့၏ မာယာ (၉)သွယ်။

၁။ အမျိုးဂုဏ်ကို ပြတတ်ခြင်း။
၂။ပညာဂုဏ်ကို ပြတတ်ခြင်း။
၃။ ပစ္စည်းဂုဏ်ကို ပြတတ်ခြင်း။
၎။ဝမ်းသာဝမ်းနည်းပြုတတ်ခြင်း။
၅။ အစဉ်မပြတ် နောက်ယောင်ခံငြင်း။
၆။ အစားအသောက် လက်ဆောင်များ ပေးတတ်ခြင်း။
၇။ မြှောက်ပင့် ချီးမွမ်းတတ်ခြင်း။
၈။ အ၀တ်အစားပြောင်းလဲ ၀တ်တတ်ခြင်း။
၉။ ကိုယ်ကာယ တောင့်တင်းကျန်းမာခြင်းကို ပြတတ်ခြင်း။


ပျော်ရွှင်ကြပါစေ...
ညခင်း

4 comments:

mgnge said...

ဗျို့ ဒေါ်ည ခင်း
မိန်း မ မာ ယာလည်း သိချင်ပါသည်..။

ပုံ
မောင်ငရ်

flowerpoem said...

ဟီး၂ ယောက်ကျားမာယာတဲ့မိုက်တယ် ..

nyahkinyaelamin.com said...

မောင်ငယ်ရေ
ညခင်းရေးပြီးသားရှိပါတယ်။ ကော်ပီပေးမယ်။

24 Dec, 2008
Author: ညခင်း နှင့် လမင်း | Filed Under:

ထိုထိုမိန်းမ။

၁။ ပြုံးစစလုပ်ပြခြင်း
၂။ ခနိုးခနဲ့ပြောခြင်း
၃။ ရှက်စနိုးဟန်ပြခြင်း
၎။ မျက်စောင်းထိုးခြင်း
၅။ အသံထွက်အောင်ရယ်ခြင်း
၆။ ကြောက်ဟန်ဆောင်ခြင်း
၇။ မပွင့်တပွင့်ပြောခြင်း
၈။ ငိုခြင်း

မိန်းမမာယာ တွေ ပဲပေါ့မောင်ငယ်ရေ။

အိမ် said...

ဘာပဲပြောပြော မိန်းမမာယာလောက် မများသေးဘူး။

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere