ယောက်ျားကောင်း ၏ခေါင်းဆောင်မှုများ။

ယောက်ျားကောင်း တစ်ယောက်သည် မိမိ အိမ်ထောင် မိမိရပ်ရွာ၊ မိမိပတ်ဝန်းကျင်၊ မိမိအလုပ်၊ မိမိနိုင်ငံ ကို ဦးစီးဦးဆောင်၍ လုပ်ကိုင်ဆောင်ရွက်ရသည်။ ထိုသို့ လုပ်ကိုင်ဆောင်ရွက်ရာတွင် ခေါင်းဆောင်ကောင်း ယောက်ျားကောင်းတစ်ယောက် ဖြစ်စေရန်အတွက် အရည်အချင်းများပြည်ဝရန်လိုအပ်ပါသည်။ အရည်အချင်းပြည့်ဝမှ အများ၏ ကြည်ညိုလေးစားခြင်းကို ခံရပြီး ဦးစီးဦးဆောင်ကောင်း ယောက်ျားတစ်ယောက်ဖြစ်ပါမည်။

ခေါင်းဆောင်ကောင်းတစ်ယောက် ယောက်ျားကောင်းတစ်ယောက်အတွက် လိုအပ်သော ခေါင်းဆောင်မှု အင်္ဂါတို့ ရှိကြသည်။ ယင်းတို့မှာ-

(၁) သဒ္ဒ္စါ = မိမိလုပ်နေရသော အလုပ်၏ မွန်မြတ်မှုကို သက်ဝင်ယုံကြည်မှုရှိခြင်း။

(၂) အလုပ်တတ် = မိမိလုပ်မည့် အလုပ်၏ လုပ်ငန်း ပမာဏ အစရှိသည်တို့ကို တတ်သိ နားလည် ကျွမ်းကျင် ရမည်။
(၃) တာဝန်ယူ = မိမိလုပ်သမျှ အလုပ်များကို မိမိတာဝန်ယူနိုင်ရမည်။

(၄) တိုးအောင်လုပ် = မိမိစွမ်းရည်ထက်မြက်လာအောင် ကြိုးစားရမည်။

(၅) စံပြဖြစ် = အများအတွက် နမူနာကောင်း စံပြပုဂ္ဂိုလ် ဖြစ်ရပါမည်။

(၆) တာဝန်ရှာ = ကျလာ ပေးလာသော တာဝန်ကို မကြောက်ရ၊ ပြေးတွေ့ရဲ - ရင်ဆိုင်ရမည်။

(၇) အခိုင်းတတ် = လုပ်သားများအား ခိုင်းလိုက်သော အလုပ်ကို သေသေချာချာ နားလည်ရဲ့လား၊ ကြီးကြပ်မှုရှိ ရဲ့လား၊ ပြီးစီးအောင် လုပ်ရဲ့လား ဟု အမြဲသတိရှိပြီး ခိုင်းစေတတ်ရမည်။

(၈) မေတ္တာထား = ငယ်သားတိုင်း ၏ လူမှုရေး၊ စိတ်ဓာတ်အခြေအနေ၊ ကျန်းမာရေးနှင့် သက်သာချောင်ချိရေး အခြေအနေတို့ကို ဂရုစိုက်ထားရမည်။

(၉) ပညာပေး = မိမိလုပ်သားများ တပည့်များ၊ မိတ်ဆွေများ သိသင့်သိထိုက် သိရှိနားလည်ထိုက်သော အကြောင်းအရာ ပညာရပ်များကို သိရှိနားလည်အောင် ဆောင်ရွက်ပေးရမည်။ ပညာပေးရမည်။

ပျော်ရွှင်ကြပါစေ...
ညခင်း

7 comments:

flowerpoem said...

ယောကျာ်းတို့၏ ခေါင်းဆောင်ကောင်း အရည်အချင်း များကို လေ့လာသွားပါတယ် ညခင်းရေ...
် Very Good!

khin oo may said...

ဖတ်သွား၏. တို့လည်းကောင်းချင်သည်။ လမ်းညွန်ပါဦး။

mgnge said...

သဘောကျ ဧ။်
ကူး ထားချင်သည်
ခွင့်ပြုနိုင်ပ့ါမလား

ညခင်း said...

ကူးပါကူးပါ။
ရပါတယ်ရှင့်။

ဖြိုးဇာနည် said...

တကယ်ကိုသိသင့်သိထိုက်
တဲ့ ဗဟုသုတမှတ်သားစရာ
လေးတွေပါ့ခွင့်ပြုထားမှတော့
ဟဲဟဲ့ကူးတယ်ဗျို့

မိုးခါး said...

မှတ်သွားတယ် ညခင်းရေ ..း)

အိမ် said...

မှတ်သားစ၇ာပါပဲဗျာ...။ ကြိုးစား၇ဦးမယ်ဗျာ

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere