HAPPY BIRTHDAY TO YOU

တီလေးညခင်း ရဲ့ ၁၆ရက်မေမှာကျရောက်သော မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ဘ၀ကိုအေးချမ်းသာယာမှု ကျန်းမာခြင်း၊ပျော်ရွှင်ခြင်း၊တက်ကြွခြင်း၊အေးမြခြင်း ၊လန်းဆန်းမှုတွေနဲ့အတူ တီလေးဘ၀အမြဲအေးမြပါစေ -စိတ်ညစ်မှု ဟူသမျှ မြူမှုန်လေးမျှ မကျရောက်ပါစေ နဲ့ လို့ ချစ်တူလေး ဆုမွန်ကောင်းတောင်းပါတယ်--

တီလေးမွေးနေ့ရောက်တော့ ကျနော်ကျွေးမွေးဧည့်ခံမှု တာဝန် ယူရမယ်လေ-မွေးနေ့ကိုလာမယ့် သူငယ်ချင်းတွေ၊မိတ်ဆွေတွေ ညီအကိုမောင်နှမအားလုံး အဆင်ပြေပြေနဲ့ စိတ်ကြိုက်သုံးဆောင်နိုင်အောင် လမင်းက တီတီကိုယ်စား အားလုံးကို လိုလိုသေးမရှိအောင် ကျွေးမွှေးဧည့်ခံပါတယ်--တီလေးမွေးနေ့ကိုလာရင်း အိမ်လေးကိုလာကျတဲ့ ညီအကိုမောင်နှမအားလုံး အားရပါးရသာသုံးဆောင်ကြပါလို့ တီလေးကိုယ်စားကျနော်ကပဲပြောဆိုပါရစေ--

ပထမဆုံးတော့ တီလေးအတွက် မွေးနေ့ ကိတ်လေး စီစဉ်ပေးပါမယ်-ဒါကတော့တီလေးအတွက်မွေးနေ့ ကိတ် လေးပါ


ဒါကတော့ တီတီလေးမွေးနေ့ကို ကြွရောက်ချီးမြှင့်ချတဲ့ ညီအကိုမောင်နှမတွေ သုံးဆောင်ဖို့ အားမနာတမ်း
ဝါးတီးဆွဲလို့ ရတယ်--





အားလုံးသော မောင်နှမအားလုံး တီတီလေးမွေးနေမှာ ပျော်ရွှင်ချမ်းမြေ့မှုတွေ ရရှိကြပါစေလို့


ရွှင်လန်းချမ်းမြေ့ကြပါစေ။
Happy birthday to you - HAPPY BIRTHDAY


လမင်း

16 comments:

ပြည့်စုံ said...

တီလေးရေ....

မွေးနေ့က ဘယ်နှစ်နှစ်မြောက်လည်းတော့ မသိဘူး...

မေလ ၁၅ ရက်နေ့တွင်ကျရောက်သော မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာမှာ....

ပျော်ရွှင်ခြင်းတွေနဲ့အတူ နေ့သစ်တွေတိုင်းမှာ လှပပျော်ရွှင်ပါစေဗျာ....

ဝလုံးဝိုင်းဝိုင်း said...

ပျော်ရွှင်ဖွယ် မွေးနေ့ ဖြစ်ပါစေ။ ရှေ့ဆက်ရမယ့် ဘဝခရီးလမ်းမှာ အမြဲ ထာဝစဉ် သာယာ ဖြောင့်ဖြူးပါစေ.. အေးချမ်းပါစေ.. ဆုတောင်းပေးပါတယ် အစ်မ ညခင်း။

nanwarwarmg said...

HAPPY BIRTHDAY TO U.

ညီမလေးရေ... ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေနော်.

flowerpoem said...

့happy birthday ညခင်း !!!

အောင်ဦး said...

အစ်မရေ..
ပျော်ရွှင်သော နေ့ရက်လေးဖြစ်ပါစေလို့ အရင်ဆုံး ဆုတောင်ပေးလိုက်ပါတယ်။
မွေးနေ့မှာ ကောင်းမှုတွေပြုလုပ်တယ်ဆိုတဲ့ အတွက် အကောင်းဆုံးသော၊ အမွန်မြတ်ဆုံးသော မွေးနေ့ကို ပြုလုပ်ခဲ့တာပါပဲ။ ကုသိုလ်တွေဖြစ်ရတယ်လေ။
မွေးနေ့ဆိုတာ မွေးတဲ့ ရက်ကို ပြဋ္ဌာန်းသလို သေမယ့် ရက်ကို လည်း ဖော်ညွန်းပါတယ်။ ဘ၀သက်တမ်း ၁နှစ်လျော့သွားပြီ ဆိုရမှာပေါ့။ ဒါ့ထက်.. ခန္ဓာမှာ ရုပ်တွေ၊ နာမ်တွေ တရစပ် ပျက်နေတယ်၊ ဖြစ်နေတယ်။ အချိန်တိုင်း မွေးနေတယ်။ အချိန်တိုင်းသေနေတယ်လေ၊ မွေးနေ့ သေနေ့တွေ ခန္ဓာမှာ အမြဲဖြစ်နေတယ်။ ဒါကိုသိရင် သစ္စာသိတယ်၊ သစ္စာသိရင် သံသရာပျက်တယ်။

မွေးနေ့တွေနေ့တိုင်လုပ်တော့ နေတိုင်း သီလလုံး၊ ဒါနဖြစ်၊ သမာဓိတည်ပြီး ပညာဉာဏ်တွေ ထွန်းလင်းမယ်လေ။ ကုသိုလ်တွေ ဖြစ်မယ်။ ဒါကြောင့် မွေးနေတွေ နေ့တိုင်လုပ်ပြီး သေနေ့ကို ဆင်ခြင်နှလုံးသွင်းစေချင်ပါတယ်။

လူချင်းမဆုံတွေ့ပေမယ့် ကံချင်ဆုံးတွေခဲ့ရတဲ့ သံသရာခရီးသွားအချင်းချင်း အခုလို သိရှိခင်မင်ခွင့်ရတာလည်း ၀မ်းသာစရာပါ။

ဒါတွေက အစ်မညခင်းမွေးနေ့မှာ မွေးနေ့လွတ်အောင် ကျနော် တတ်နိုင်တဲ့လက်ဆောင်ပေးတာပါ။

မင်္ဂလာရှိသော မွေးနေ့အခါတော်နေ့မှာ
ခင်ပွန်းကြီးဆယ်ပါးကို ရှိခိုးကန်တော့သော ကောင်းမှုကံ စေတနာဖြင့်
ဒုက္ခခပ်သိမ်းချုပ်ငြိမ်းသည့် အေးနိဗ္ဗာန်သို့
လျင်မြန်စွာ ကျေးဇူးပြုနိုင်ပါစေ အစ်မ။

ခင်မင်လေးစားစွာဖြင့်...
အောင်ဦး

နေမင်းသံစဉ် said...

ဘ၀တစ်လျှောက်လုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ကြုံတွေ့လာမည့်အခက်ခဲဟူသမျှကို အောင်မြင်စွာကျော်လွှားနိုင်ပါစေဗျာ...

အလင်းရောင် said...

လူတိုင်းမှာ မွေးနေ့ရှိကြပါတယ်... မွေးနေ့ရောက်ရင် အတိုင်းမသိ ပျော်ရွှင်ကြတယ်... အခုလို မညခင်းက ဘုန်းကြီးတွေပင့်ပြီး အလှူလုပ်တော့ ပိုဒါနမြောက်တာပေါ့ ဗျာ... ကျွန်တော်တို့လည်း မညခင်းတို့ အိမ်အနားမှာ မရှိလို့ ပေါ့ဗျာ... ရှိရင်တော့ လာစားမှာနော်... အစားကြီးတော့ မဟုတ်ပါဘူး တရားလည်းနားမယ်။ လုပ်ပေးစရာတွေလည်း ၀ိုင်းကူလုပ်ရင်းပေါ့... ပျော်စရာ တော်တော် ကောင်းမှာပဲနော်... ကျွန်တော်ကတော့ တစ်ယောက်တစ်ယောက် အပြင်မှာ မမြင်ဖူးကြပေ့မဲ့ ဘလော့ခ်ဂါမောင်နှမဆိုတဲ့ စိတ်ဓာတ်နဲ့ မွေးနေ့ဖိတ်တယ် ကျွန်တော်တင်မက ကျွန်တော်တို့ သူငယ်ချင်းအားလုံး လာရောက်အသိအမှတ်ပြုကြတယ်နော်... မညခင်းရဲ့ ဘလော့လေးမှာလူတွေ စည်းကား သွားသလို အိမ်မှာလည်း လူတွေအများကြီးနဲ့ ပျော်ရွှင်သော မွေးနေ့လေး ဖြစ်ပစေ၊ လိုအင်ဆန္ဒတွေ ဒီမွေးနေ့မှသည် နှစ်စဉ်နှစ်တိုင်းပြည့်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.... (အလင်းရောင်(or)ကောင်းကင်ယံ)

ညခင်း said...

ညခင်းရဲ့မွေးနေ့လေးကိုလာရောက်ဆုတောင်းပေးကြတဲ့ မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင့်။
ဘ၀မှာ အမှတ်ရစရာလေးပါ။
ညခင်းမွေးနေ့ကို မဖိတ်မိတဲ့မောင်ညီမလေးများလည်း စိတ်မဆိုးကြပါနဲ့နော်။

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

နေ့အိပ်မက် said...

နေ့အိပ်မက်နဲ့ မွေးနေ့တစ်ရက်ပဲ ကွာတဲ့ တီတီညခင်းရေ... ဖြစ်ချင်တာတွေ အကုန်ဖြစ်ပြီး မွေးနေ့တင်မဟုတ်ဘဲ နေ့တိုင်းနေ့တိုင်း ပျော်ရွှင်ရပါစေနော်.. :)

နှင်းဆီနက် said...

ညီမငယ်လေးရဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေ
ခင်မင်စွာဖြင့်
မလတ်

ညခင်း နှင့် လမင်း said...

မွေးနေ့ဆုတောင်ပေးကြတဲ့ မောင်လေး ညီမလေးများ ကျေးဇူးတင်ပါတယ်။
ဝမ်းသာပျော်ရွှင်မှုပေးတဲ့အတွက်ပါ။

ကောင်းကင်ပြာ said...

မွေးနေ့ လာတာ နောက်ကျတာ ခွင့်လွတ်ပါ ညခင်းရေ၊ ဟတ်ပီးဘတ်ဒေးပါနော်၊ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ စာတွေ အများကြီးဆက်ရေးနိုင်ပါစေရှင်

mgnge said...

ဆောရီးညခင်း... 16 ရက်နေ့ ကမွေးနေ့ ကို 21 ရက်နေ့ မှရောက်လာတယ်..။
ဘာပဲဖြစ်ဖြစ် ဆုတောင်းပါတယ်...။

hApPy BiRtHdaY to yOu!

ပျော်၇ွှင်မှူအပေါင်းခ ၀ပ်ညောင်းပါစေဗျာ...။

ရိုးသားတဲ့
ပဲခူးသား

မသက်ဇင် said...

ညခင်းနဲ့လမင်း
စာတွေဖတ်သွားတယ်
ပျော်ရွှင်ပါစေ

သုဏော်စိုင်း said...

စားချင်စရာတွေချည်းပဲ

အိမ် said...

ပျော်ရွှင်ဖွယ်ရာ ကောင်းသောနေ့လေးဖြစ်ပါစေဗျာ..။ ခုတော့ အရမ်းနောက်ကျနေမယ်ဆိုတာ သိပေမဲ့ နောင်နှစ်အတွက် ကြိုဆုတောင်းပေးတာပါ ..ဟီး

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere