အိမ်တွင်းနတ်

ကျမတို့ မြန်မာရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာ၌ အိမ်ထောင်ဦးစီးကို အိမ်ဦးနတ်ဟူ၍ တင်စား သုံးနှုန်းခေါ်ဝေါ်လေ့ရှိကြ ပါသည်။ အိမ်ထောင်ဦးစီးသည် မိမိတို့စားဝတ်နေရေး မညိုးငယ်စေရန်ငွေကြေး ဥစ္စာ ရှာဖွေပေးရခြင်း၊ မိသားစု၌ တစ်စုံတစ်ခုသော ဘေးအန္တာရယ် ကျရောက်ပါက ရှေ့တန်းမှ မားမားရပ်၍ ကာကွယ်စောင့်ရှောက် ပေးရခြင်း စသည့် တာဝန်များကို ယူကြရပါသည်။

အိမ်ထောင်ဦးစီးနှင့် ဦး-ပဲ့ထမ်း၍ တာဝန်ယူရသည်မှာ အိမ်ရှင်မဖြစ်၏။ အိမ်ရှင်မသည် အိမ်ထောင်ဦးစီး ရှာဖွေပေးအပ်သော ငွေကြေးဥစ္စာ တို့ကိုမပျောက်ပျက်အောင် မလေလွင့်အောင် ထိန်းသိမ်းခြင်း၊ စားမှု၊ ၀တ်မှု၊ သန့်ရှင်းသပ်ရပ်မှုမှအစ အိမ်၏ အထွေထွေ လိုအပ်ချက်မှန်သမျှ စီမံခန့်ခွဲခြင်း၊ သားသမီးများ မွေးရခြင်း၊ အသက်ကဲ့သို့စောင့်ရှောက်ရခြင်း စသော တာဝန်များကို ယူရပါသည်။

ထိုကဲ့သို့ မိဘ၂ပါးသည် မိမိတို့၏ အိမ်တွင်းအိမ်ပြင် ကိစ္စမှန်သမျှ လစ်ဟာခြင်း မရှိစေရန် အစဉ်သဖြင့် နတ်ကဲ့သို့ စောင့်ရှောက်စီမံ၊ ဖန်တီးနိုင်စွမ်းရှိကြသောကြောင့် အိမ်ဦးနတ် သို့မဟုတ် အိမ်တွင်းနတ် ဟူ၍ ခေါ်ဆိုအပ်ကြောင်း သိရပါသည်။

အဖမရှိတိုင်မှီ၊ အမိမရှိ ကသီကရီ၊ အမိမဲ့ သား ရေနည်းငါးပမာ စသည့် စကားပုံများမှာ ထိုအိမ်တွင်းနတ် နှစ်ပါး ဘယ်လောက်အရေးပါသလဲ ဆိုတာ သိသာစေပါတယ်။ထိုသို့ မိဘနှစ်ပါး တာဝန်ကျေသကဲ့သို့ သားသမီးများ ဘက်ကလည်း တာဝန်ကျေကြရန်လိုအပ်လှပေသည်။ မိသားစု တက်ညီလက်ညီ တာဝန်ကိုယ်စီ ကျေကြပါမှ လောက ၊ သံသရာ ချမ်းသာခြင်း မင်္ဂလာနှင့် ပြည့်စုံနိုင်ကြောင်းကို ဘုရားရှင်ကိုယ်တော်မြတ် ကြီးက သိင်္ဂါလောဝါဒ သုတ္တန်၊ သိင်္ဂါလ သတို့သားအားဟောကြားတော်မူခဲ့ပါတယ်။

ရာဇဂြိုလ်ပြည်မြို့မှ မဟာသာလ သူကြွယ်မျိုးဖြစ်သော သိင်္ဂါလ သတို့သား သည် ဖခင်ကြီး၏ ညွှန်ကြားထား ချက် အရ နေ့စဉ် မြို့ပြင်သို့ထွက်ကာ အရပ် ခြောက်မျက်နှာကို ရှိခိုးခြင်းဝတ်ဖြင့် နေ၏။

လောကကြီးကို ရွှေဥာဏ်တော် ကွန်ရက်ဖြင့် ဖြန့်ကြက်ကြည့်ကာအမြဲတစေ ပြုပြင်နေလေ့ရှိသော ဘုရားရှင်က...ထိုအခြင်းအရာကို မြင်တော်မူသော် အမှန်တရားကိုသိစေလို သဖြင့်...

ချစ်သား နံနက်ခင်း နေခြည်နုအောက်တွင် သင်တစ်ယောက်တည်း စိုသော အ၀တ်၊ စိုသော ဆံပင်တို့ကို ဖားလျားချလျက် အဘယ်ကို ရှိခိုးနေသနည်း။

ဘုန်းတော်ကြီးသော မြတ်စွာဘုရား ကွယ်လွန်ခါနီး၌ ဖခင်ကြီး၏ အမှာစကားကို တပည့်တော်သည် ရိုသေလေးစားစွာ လိုက်နာသောအားဖြင့် အရပ်ခြောက်မျက်နှာကို ရှိခိုးနေပါသည် ဘုရား။

ချစ်သား ၊ သောတပန်ဖြစ်သော သင်၏ ဖခင်သည် သင့်အား ထိုအရပ်ခြောက်မျက်နှာတို့ကို ရှိခိုးခိုင်းခြင်း မဟုတ်။

ထိုသို့ဆိုသော ဖခင်ကြီးမှာသော အရပ်ခြောက်မျက်နှာကား အဘယ်ကို ဆိုပါသနည်းဘုရား။

မှတ်လော့ချစ်သား။ ငါဘုရား သာသနာတော်ဝယ် အရပ် ဒေသ ခြောက်မျက်နှာသာရှိပေသည်။ ၄င်းတို့မှာ-

၁။ မိဘသည် အရှေ့အရပ်မည်၏။
၂။ သားသမီး၊ ဇနီး မယားသည် အနောက်အရပ်မည်၏။
၃။ ဆရာသမားသည် တောင်အရပ်မည်၏။
၎။ မိတ်ဆွေသည် မြောက်အရပ်မည်၏။
၅။ ရဟန်းသံဃာသည် အထက်အရပ်မည်၏။
၆။ အောက်လက်ငယ်သား အစေအပါးသည် အောက်အရပ်မည်၏။

ရှိခိုးခြင်း အမှု ဟူသည်ကို မိန့်တော်မူပါဦးဘုရား။

ချစ်သား အရပ်ဒိသာခြောက်မျက်နှာဟု ခေါ်ဆိုအပ်သော မိဘ၊ ဆရာ၊ ဇနီး၊ သားသမီး၊ အဆွေခင်ပွန်း၊ ရဟန်းသံဃာ၊ အောက်လက်ငယ်သားတို့ တွင်ကျင့်ဆောင်ရမည် ကျင့်ဝတ်များ ငါးပါးစီ၊ ငါးပါးစီ အသီးသီး ရှိကြကုန်၏။ ထို့ကျင့်ဝတ်များကို ကျေလည်အောင် ပြုခြင်းသည်ပင် ရှိခိုးခြင်းမည်ပေ၏

ထိုအသီးသီးသော ကျင့်ဝတ်များကား အဘယ်ပါနည်းဘုရား။

ထိုအခါ မြတ်စွာဘုရားရှင်သည် တစ်ပါးစီ တစ်ပါးစီ အကျယ်တ၀င့် ရှင်းလင်းမိန့်ကြားတော်မူပါတယ်။

မှတ်သားရလွယ်ကူစေရန် ဒဂုန်ဦးစန်းငွေ၏ သံပေါက်လင်္ဏာအချို့ဖြင့် ဖော်ပြပါ့မယ်။

မိဘကျင့်ဝတ် (၅)ပါး။
(၁) ဒုစရိုက်များ ၊ မပြုမှား၊ မြစ်တားမိဘ၀တ်၊
(၂) ကောင်းရာတိုက်တွန်း ၊လမ်းပြညွှန်း၊ ခွန်းချင်း တတွတ်တွတ်၊
(၃) ပညာအမြုတေ၊ တတ်ကြောင်းထွေ ၊ သင်လေ မိဘ၀တ်၊
(၄) သင့်တင့်သောအခါ ၊နှင်းဥစ္စာ ၊ မာတာပိတ၀တ်၊
(၅) ချိန်ရွှယ်သင့်ငြား၊ သမီးသား ၊ ထိမ်းမြား မိဘ၀တ်၊

သားသမီးကျင့်ဝတ် (၅)ပါး
(၁) နှစ်ပါးမိဘ၊ လုပ်ကျွေးရ၊ သားလှသမီးဝတ်၊
(၂) ပြုဖွယ်အခင်း၊ ကူရိုင်းပင်း၊ ပြုလျှင်းယွင်းမချွတ်၊
(၃) မျိုးနွယ်ကျင့်ထုံး၊ စောင့်ရှောက်သုံး၊ သက်လုံးတိုင်အောင်ညွတ်၊
(၄) ကွယ်လွန်မိဘ၊ မျှဝေငှ၊ ဒါနကုသိုလ်ဝတ်၊

လင်ကျင့်ဝတ် (၅)ပါး
(၁) ပီယဓာတ်ဖုံး၊ စကားလုံး ၊ ပြုံးပြုံးပြောပါလေ၊
(၂) နင်ဟယ်ငါဟယ်၊ ကောင်မနှယ်၊ နှုတ်ဝယ်စောင့်စည်းလေ။
(၃) အပျော်လိုက်စား၊ အမြှောင်ထား၊ ရှောင်ရှား ကင်းကင်းနေ၊
(၄) ပစ္စည်းရပ်ရပ် ၊ လွှဲပုံအပ် ၊ အိမ်နတ်ပီလှစေ။
(၅) ၀တ်စားဆင်ယင်၊ လှအောင်ဆင်၊ ကြော့ယဉ် လှမြုတေ၊


မယားကျင့်ဝတ် (၅)ပါး
(၁) ဖွပ်လျှော်ချက်ပြုတ် ၊ တလှုပ်လှုပ်၊ လုပ်လေ အိမ်ရှင်မ၊
(၂) သိပ်သိပ်သည်းသည်း၊ ကိုယ့်ပစ္စည်း၊ သိမ်းဆည်းတတ်စေရ။
(၃) ကိုယ့်လင်ကကျူး၊ သူတစ်ထူး၊ မကူးစိတ်ထဲမှ၊
(၄) ပေးတန်လျှင်ပေး၊ ကျွေးတန်ကျွေး၊ အရေး ကုံလုံင၊
(၅) မပျင်းမရိ ၊ လုံလရှိ ၊အိမ်၏ သခင်မ၊

ချစ်သား ထိုကျင့်ဝတ်များကို မလစ်ဟာအောင် ပြုကျင့်သူမှာ လောကတွင်၎င်း၊ သံသရာတွင် ၄င်း ကိုယ်စိတ်နှစ်ပါး ချမ်းသာခြင်းနှင့် ပြည့်စုံနိုင်သည် ဟု ဗုဒ္ဒ္စမြတ်စွာ ဟောကြားတော်မူသည်။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
Justify Full

13 comments:

flowerpoem said...

ကျွန်မကတော့ အရပ်(၆)မျက်နှာမှာ (၅)မျက်နှာကို တာဝန်ကျေအောင်ကြိုးစားလျှက်ပါ.
ကျင့်ဝတ်မှာတော့ တစ်ခုမှ တာဝန်မကျေသေးဘူးလို့ထင်ပါတယ်.. သားသမီးကျင့်ဝတ်ကလည်း အပြည့်မကျေခဲ့ပါဘူး...
ညခင်းနဲ့လမင်းလည်း အရပ် (၆)မျက်နှာတာဝန်ရော
ကျင့်ဝတ်တွေအားလုံး ကျေပွန်ပါစေလို့ ဆုတောင်းပါတယ်ရှင်..

flowerpoem said...

ကျွန်မကတော့ အရပ်(၆)မျက်နှာမှာ (၅)မျက်နှာကို တာဝန်ကျေအောင်ကြိုးစားလျှက်ပါ.
ကျင့်ဝတ်မှာတော့ တစ်ခုမှ တာဝန်မကျေသေးဘူးလို့ထင်ပါတယ်.. သားသမီးကျင့်ဝတ်ကလည်း အပြည့်မကျေခဲ့ပါဘူး...
ညခင်းနဲ့လမင်းလည်း အရပ် (၆)မျက်နှာတာဝန်ရော
ကျင့်ဝတ်တွေအားလုံး ကျေပွန်ပါစေလို့ ဆုတောင်းပါတယ်ရှင်..

မောင်ကောင်း said...

အလွန်ကောင်းမွန်တဲ့ပို့ စ်လေးတစ်ခုပါပဲဗျာ...
သာဓုခေါ်သွားပါတယ်...
သာဓု သာဓု သာဓု....

မီးမီးချစ် said...

လာရောက်မှတ်သား သွားပါတယ်..
ူလက်တွေ့ ကတော့ ကြိုးစာရအုံးမယ်..

မီးမီးချစ် said...

လာရောက်မှတ်သား သွားပါတယ်..
ူလက်တွေ့ ကတော့ ကြိုးစာရအုံးမယ်..

လင်းကြယ်ဖြူ said...

မှတ်သားသ္ဂားပါတယ်ခင်ဗျာ..

Upasaka said...

မှတ်သားနာယူသွားပါတယ် ခင် ဗျ

အိမ် said...

အင်း... မှတ်သားစရာပါပဲဗျာ..... ဒါနဲ့မသိလို့ ဘုရင်တွေကျတော့ မောင်းမ၊မိတ်သံ ထောင်ပေါင်းများစွားထားတာကျတော့ ဘယ်လို လုပ်မလဲ၊ သူတို့ဟာ ဘုရင်မို့ ဆိုတာတော့ မပြောနဲ့ဗျာ မကျေနပ်ဘူး၊ ဘုရင်လဲ လူပဲဟာ၊
ကျနော်လဲ လူပဲ ဒီတော့အဲလို ထားချင်တာပေါ့..ဟိဟိ။ လင်ကျင့်ဝတ်ထဲက နံပါတ်၃ ကိုပြောတာနော။ ရှင်းပြပေးပါ သေချာ ကျကျနနရှင်းပါ။ ဒါပဲ

နေ့အိပ်မက် said...

ဒီသံပေါက်တွေထက်... ဟိုလင်္ကာလေးတွေက ပိုမှတ်မိလွယ်သလိုပဲနော်.... ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံတို့လိုမျိုးလေ

နေမင်းသံစဉ် said...

မှတ်သားစရာပို့စ်လေးကို မှတ်သားသွားပါတယ်ဗျာ

yegyi said...

ဖတ်မှတ်သွားပါတယ်ဗျာ

နွေးနေခြည် said...

မှတ်သားသွားပါတယ်ရှင်

mgnge said...

ဖတ်မှတ် သွား ပါတယ်ခင်ဗျာ

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere