ကာလ ဒါန

ကာလ ဆိုသည်မှာ အချိန်၊ ဒါန ဆိုသည်မှာ ကုသိုလ်ပြုပေးခြင်းဖြစ်သည်။ထို့ကြောင့် အချိန်ကိုကြည့် ၍ အလှူပေးခြင်းဖြစ်ပါသည်။ မြတ်စွာဘုရား ဟောကြားသည့် ကာလဒါန ငါးမျိုးရှိကြောင်း သိရပါသည်။ကာလ ဒါန ငါးမျိုးမှာ-

၁။ အာဂန္တု ဧည့်သည်ဒါန
သံဃာတော်တို့၏ ကျောင်းမှာ ဧည့်သည်ရောက်လာတာမျိုး၊ မိမိ၏ အိမ်သို့ မမျှော်လင့်ပဲ ဧည့်သည့်သည် ရောက်လာသည့် အခါတွင်လည်း အချိန်ကိုကြည့်ပြီး ဒီအချိန်မှာတော့ ဧည့်သည်သည်များကို မည်သည့် အရာကျွေးရမည် မည်ကဲ့သို့ပြုစုရမည်ကို သိပြီး ဒါနပြုလိုက်ခြင်း အချိန်ကိုသိ အချိန်ကိုကြည့်ပြီး လှူဒါန်းလိုက်ခြင်းသည် အာဂန္တု ဧည့်သည်ဒါနဖြစ်ပါသည်။

၂။ ခရီးသွားတဲ့ဒါနJustify Fullခရီးသွားဒါနလို့ဆိုသည့် ဒါနမှာ ခရီးသွားရင်း သံဃာတော်များဆိုရင်လည်း အဖျော်များက အစ လှူနိုင်ပါသည်။ သက်ကြီးရွယ်အိုများဆိုရင်လည်း စားသောက်ဖွယ်ရာများ ပါနေတာပဲဟု ဆိုနိုင်သည့်တိုင် စားသောက်ရန် ကူညီပြင်ဆင်ပေးခြင်း စားသောက်အပြီးတွင် သိမ်းဆည်းပေးခြင်းတို့ဖြင့် ကုသိုလ်ယူနိုင်ပါသည်။ ထိုကဲ့သို့ သော ဒါနမျိုးကို ခရီးသွားဒါနမည်သည်။

၃။ ဂီလာနဒါန
နေမကောင်းသည့်အချိန်မကျန်းမာသည့်အချိန်ကိုသိပြီး ကြည့်ပြီးလိုအပ်သည်တို့ကို ဖြည့်စွက် လှူဒါန်း သည် က လည်း မြတ်စွာဘုရား ဟောကြားသည့်အတိုင်း ဂိလာနကာလဒါနမြောက်ပါသည်။

၎။ ရှားချိန်ကိုကြည့် ရှားချိန်ကိုသိပြီး လှူတဲ့ဒါန။
တနည်းအားဖြင့် လိုချိန်ကိုသိ၊ တ ချိန်ကို ကြည့်ပြီးလှူခြင်းဖြစ်သည်။ ရှားချိန် လိုချိန် တ ချိန်ကို အတူတူပဲထားပြီး လှူခြင်းဖြစ်ပါသည်။ ထိုနည်းကလည်း မြတ်စွာဘုရားချီးကျူးသည့် လှူခြင်းဖြစ်သည်။ လူအများအဖို့ အလွန်လိုအပ်နေသည့်အချိန်တွင် အစားအစာ ဆေးဝါး အ၀တ်အစားစိတ်ချမ်းသာစေနိုင်မည့် အားပေးစကား စသည့် အကူအညီစသည့်ဖြင့် ၀တ္တု ပစ္စည်းပင်ဖြစ်စေ၊ စေတနာကိုပင်ဖြစ်စေ ပေးအပ်နိုင်ခြင်းသည် အလွန် အကျိုးရှိပါသည်။

၅။ ကောက်ဦးပေါ်ချိန် သစ်သီးပေါ်ချိန်တို့မှာ ပေါ်ဦးပေါ်ဖျား လှူခြင်း ဒါန။
ညခင်းတို့ ငယ်စဉ်ကတည်းက မိဘတို့၏ သွန်သင်မှုကြောင့် စားဖွယ်သောက်ဖွယ်များကို ဦးဦး ဖျားဖျား လှူတတ် ကြပါသည်။ ဇာတ်နိပါတ်တော်များတွင်လည်း ဦးဦးဖျားဖျားအလှူပေးသူသည် လောကုတ္တရာ ဥာဏ်ကို ဦးစွာရသူဖြစ်ခဲ့ပါသည်။ ဥပမာ မြတ်စွာဘုရား အစဦးဟောတော်မူသော ဓမ္မစကြာတရားတောကို နာယူကြသည့် အထဲတွင် ပထမဆုံး ရဟန္တာဖြစ်သူ အညာသိကောဏ္ဍညမထေရ်သည် ဘ၀ဘ၀က ကောက်ဦး သီးဦး စားဦးတို့ကို လှူသောသူဖြစ်ခဲ့ပါသည်။

ထိုကဲ့သို့ ဒါန ၅မျိုး အကြောင်းကို အဂုင်္တ္တရနိကာယ် ပဉ္စကနိပါတ်မှာ ကာလဒါန ဆိုသည့် သုတ္တန်ကို ဟောကြားခဲ့ကြောင်းသိရပြီးနောက် ညခင်း တို့ မှတ်သားရသည်မှာ- ကိုယ်သာ သတိမြဲကာ ပညာဦးစီးနိုင်ပါက အလှူကြီးများကို နေရာမရွေးပေးနေနိုင်မည်ဖြစ်ကြောင်း၊ အိတ်ထဲတွင် ဘာမျှဆောင်မထားသည့်တိုင် စေတနာနှလုံးသားက အလှူပြီးမြောက် အောင်ဆောင်ရွက်နိုင်ကြောင်းမှတ်သားရပါတယ်။ ဒါအပြင် လှူတဲ့နေရာမှာ စေတနာ ၃တန် ထားရှိရမယ် ဒါကတော့ အထူးပြောနေဖို့လိုမယ်မထင်ပါ။ မလှူခင်၊ လှူဆဲ၊ လှူပြီး ထားရှိရမဲ့ စေတနာတွေပါ...အားလုံးသိပြီးဖြစ်ပါတယ်။ ထို့အပြင် လှူဒါန်းနေချိန်မှာ သဒ္ဒါ အပြင် ပညာဦးစီးရပါမယ်။ အလှူခံ ပုဂ္ဂိုလ်လည်း မမြဲဘူး၊ လှူတဲ့သူလည်း မမြဲဘူး၊ လှူတဲ့ ပစ္စည့်လည်း မမြဲတဲ့ အကြောင်း နှလုံးသွင်း ဆင်ခြင်ပြီး လှူဒါန်းရပါမယ်။ ဒါမှ ပုထုဇဉ် လူသားများစိတ်ထဲ တွင် အစဉ်ကိန်းဝပ်နေသော လောဘ၊ ဒေါသ၊ မောဟ များကင်းဝေးကာ ထိရောက်တဲ့ အလှူဖြစ်မည်အကြောင်း ကုသိုလ်ဖြစ် ဖော်ပြ လိုက်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

8 comments:

နွေးနေခြည် said...

အလှူခံ ပုဂ္ဂိုလ်လည်း မမြဲဘူး၊ လှူတဲ့သူလည်း မမြဲဘူး၊ လှူတဲ့ ပစ္စည့်လည်း မမြဲတဲ့
အဲဒါကို နှလုံးသွင်းဖို့ မေ့မေ့နေတယ်။ ပညာမဦးစီးနိုင်သေးလို့ပဲ သတိထားဦးမှ..

တလနွန် said...

ကောက်ဦးပေါ်ချိန် သစ်သီးပေါ်ချိန်တို့မှာ ပေါ်ဦးပေါ်ဖျား လှူခြင်း ဒါန။ ရဲ့ အကျိုးကို အခုမှ သေသေချာချာသိသွားတယ်။ ကျေးဇူးပါ မညခင်း

ခင်မင်ခြင်းနှင့်
တလနွန်

hninzaw said...

မနက်စောစောမှာ ဒါနကုသိုလ်အကြောင်း ဖတ်ရတာ မင်္ဂလာရှိလိုက်တာ :)

flowerpoem said...

ညခင်းကတော့ အာဂန္တုဒါန အမြဲဖြစ်ပါတယ် ကျွန်မက သူတို့အိမ်မှာ အမြဲစားနေကျမို့လိုပါ.. :P

မောင်ကောင်း said...

အစ်မ.. မှတ်သားစရာ ကာလဒါနလေးမှတ်သွားပါတယ်....
အကျိုးများစေမဲ့ပို့ စ်လေးပါ...
အစ်မညခင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...

မသက်ဇင် said...

ညခင်းရေ
ကာလဒါန သေချာမှတ်သွားတယ်
ဝေငှပေးတာကျေးဇူးပါ
ချစ်ခင်စွာဖြင့်

အိမ် said...

ဒါနမြောက်သွားအောင် ပြောကြားပေးတာ ကျေးဇူးပါဗျားး.

coralnyo said...

ဒီလို ဘာသာရေးနဲ့ဆိုင်တာများများရေးပေးပါ...ခုခေတ်လူငယ် တော်တော်များများ ဘာသာရေးနဲ့ကင်းကွာနေကြပြီ

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere