ဝါဆိုလပြည့် အခါတော်နေ့ ကဗျာများ




သန္ဓေ တောထွက် ၊ ဓမ္မစက် ၊ တစ်ချက် ပြာဋိဟာ။
ဝါဆိုလပြည့်၊ ထူးခြားနေ့ ၊ အောက်မေ့ ဤလေးဖြာ။


သန္ဓေယူသောနေ့
၁။ နတ်ဗြဟ္မာပေါင်း၊ ခွင့်တောင်းကြလေ၊
လောင်းတော်နတ်မင်း ၊ သက်ဆင်းစုတေ။
မယ်တော်ဝမ်းတိုက်၊ ကိန်းပိုက်သန္ဓေ၊
ဝါဆိုလ ၊ ပုဏ္ဏ ဒိဝသေ။


တောထွက်သောနေ့
၂။ နိမိတ်လေးဆင့်၊ ဘေးဖြင့်ထင်လေ၊
ယသော်ခင်လေး၊ ရင်သွေးရဝေ။
မငဲ့ကွက်လို့၊ တောထွက်တုံချေ၊
ဝါဆိုလ၊ ပုဏ္ဏ ဒိဝသေ။

ဓမ္မစကြာဟောသောနေ့
၃။ မိဂဒါတော၊ သာမောမြိုင်ခြေ၊
ပဉ္စ၀ဂ်အား ၊ မြတ်ဖျား စိန္တေ။
ဓမ္မစက်သုတ်၊ မြွက်ထုတ်လှစ်ခြွေ၊
ဝါဆိုလ ပုဏ္ဏ ဒိဝသေ။

တန်းခိုးပြာဋိကာ ပြသောနေ့
၎။ ပြောင်လျှံထိန်ညီး၊ ရေမီးထွေထွေ၊
အံ့ဖွယ်ဖန်ဆင်း၊ ဘက်ကင်းသရေ။
အမျိုးမျိုးပ၊ တန်ခိုးသင်္ချေ၊
ဝါဆိုလ ပုဏ္ဏ ဒိဝသေ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

0 comments:

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere