စွပ်ကျယ်

ဂျင်းဘောင်းဘီ အနားခေါက်သလို
မလိုတဲ့ ကဏ္လတွေကို ခေါက် ထားချင်တယ်။
ရေမယိုကြောင်း အာမခံ
အသားတံဆိပ် အသားမှာကပ်
ချောကလက်ရောင် နှုတ်ခမ်းနဲ့
မျက်ခုံးမွှေးပေါ် စကိတ်စီးချင်ခဲ့
အလင်းက
အမှောင်နဲ့ မျက်နှာချင်းဆိုင်
တင်းကြပ်မှုကို
သော့ခတ်ထားလို့မရဘူး။
မျက်လုံးတွေ ပြေးလွှားရင်း
မောဟဆီ
ကျောက်ခဲ့နဲ့ ခလုတ်တိုက်သူ
ကိလေသာဟာ
စွပ်လေကျယ်လေ
ငါသိသွားပြီ။ ။

စွပ်ကျယ် ကဗျာ မဟုတ်တဲ့ ရေရွတ်သံလေးပါ…ရောင်းရန် အင်္ကျီ မဟုတ်…။

0 comments:

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere