သိပ္ပံပညာရှင်ရဲ့ မှတ်စု။

ညခင်းပြောမယ့်ဟာသလေး...

သိပ္ပံပညာရှင် အရှုးတစ်ယောက်သည် ဖားတစ်ကောင်ကို မြေပြန့်ပေါ်တင်၍ ခုန်စမ်း ဟု အော်၏။

ဖားက ခုန်၏။ (ပညာရှင်က မှတ်စု စာအုပ်ထဲ၌ ဖားတို့သည် ခုန်နိုင်၏ ဟု မှတ်၏။)

ဖား၏ ခြေတစ်ချောင်းကို ဖြတ်၍ ပညာရှင်က ခုန်စမ်းဟု အော်၏။
ဖားက ခုန်၏။ (ပညာရှင်က မှတ်စုစာအုပ်ထဲတွင် ဖားတို့သည် ခြေ၃ချောင်းဖြင့် ခုန်နိုင်၏ ဟု မှတ်၏)

ဖား၏ နောက်ခြေတစ်ချောင်းကို ဖြတ်၍ ပညာရှင်က ခုန်စမ်းဟု အော်၏။
ဖားက ခုန်၏။ (ပညာရှင်က မှတ်စုစာအုပ်ထဲတွင် ဖားတို့သည် ခြေ၂ချောင်းဖြင့် ခုန်နိုင်၏ ဟု မှတ်၏)

ဖား၏ ကျန်ရှိနေသော ခြေထောက်၂ချောင်းမှ တစ်ချောင်းကိုဖြတ်၍ ပညာရှင်က ခုန်စမ်း ဟု အော်၏။
ဖားက ခုန်၏။ (ပညာရှင်က မှတ်စုစာအုပ်ထဲတွင် ဖားတို့သည် ခြေ၁ချောင်းဖြင့် ခုန်နိုင်၏ ဟု မှတ်၏)

ဖား၏ နောက်ဆုံးကျန်ရှိသော ခြေတစ်ချောင်းကိုဖြတ်၍ ပညာရှင်က ခုန်စမ်းဟု အော်၏။
ဖားက မခုန်။ ပညာရှင်က ခုန်စမ်းဟု ခပ်ကျယ်ကျယ် အော်၏။ ဖားက မခုန်။
(ပညာရှင်က မှတ်စုစာအုပ်ထဲ၌ ဖားတို့သည် ခြေထောက် မရှိလျှင် နားလည်းမကြားတော့) ဟုမှတ်ချက်ချ၏။

အာာာာာ .....အော်ပြီး..မရီနဲ့လေ...သိပ္ပံပညာရှင်က...ခုန်ခိုင်းနေဦးမယ်။

အားလုံးပြုံးပျော်နိုင်ကြပါစေ။
ညခင်း



ချစ်ခင်လေးစားလျှက်...
ညခင်း

8 comments:

flowerpoem said...

သမီးကိုမဖြတ်နဲ့နော် ညခင်း ကြောက်၂ ၀ါး ပြေးပြီ

မိုးခါး said...

တော်တော်ကံဆိုးတဲ့ဖားပဲ ... ကျွတ်ကျွတ်ကျွတ် :P

ကောင်လေး said...

လုပ်ပါဦး ..ရီတာကြားသွားလို့ သား ကို ဖြတ်တော့မယ်.. ကယ်ပါဦး မညခင်းရေ...။

အန်တီချမ်း said...

ကဲ ခုန်ပြီနော်
ညခင်းလေး
အဲ မကြွဘူးတော်ရေ့
ခြေထောက်တွေ မှမရှိတော့တာ
ခစ်ခစ်ခစ်

My Diary said...

အစမ်းသပ်ခံ ဖားလေး သနားပါတယ်။
တော်သေးတယ် ..... ( အဟိ )

မီးမီးငယ် ရဲ့  ထည်ဝါချို said...

အားးးးးးးးးးးးးး အဟိ
တိုးတိုးလေးမှ တကယ့်တိုးတိုးလေးရယ်သွားတယ်။
ကြားရင်လာဖြတ်နေမှာကြောက်လို့ 

ဝလုံးဝိုင်းဝိုင်း said...

သိပ္ပံပညာရှင် တစ်ချက် သတိမေ့သွားသည်..။ အာဟီး.. :P

ကောင်းကင်ကို said...

:D

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere