အချစ်နိဂုံး


အချစ် ဆိုတာ
တစ်ခါ တစ်ခါ
ရေရေ ရာရာ
သေသေ ချာချာနှင့်
မျှော်လင့်ခြင်း ဆိုတဲ့
အိမ်မက်တွေ နှင့်
အဆုံး သတ်တယ်။

တစ်ခါ တစ်ခါမှာတော့
ကြေကွဲခြင်းတွေ
ဝင်ရောက်မွှေနှောက်လို့
ဝေဒနာ ဆိုတဲ့ အရာဟာ
ရင်ထဲမှာတော့ ဟာတာတာနှင့်ပေါ့။

ဒီလို နှင့်
နှစ်တွေက ပြောင်း
ကာလတွေက ခြားတော့
ရင့်ကျက်ခြင်း ဆိုတဲ့
အသိတရားတွေ နှင့်
အချစ်ဆိုတဲ့ အရာကို
ကြံ့ကြံခံနိုင်တဲ့ အချိန်မှာ။

ရင်ခုန်ခြင်းတွေ
ပျောက်ဆုံး
အိမ်မက်တွေ ပျက်သုဉ်းလို့
အချစ် ဆိုတာ
တကယ်တော့
အမှတ်တရ
ရင်ထဲက ဒဏ်ရာ။

0 comments:

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere