တစ်ဖက်သတ် အိမ်မက်


သက်ရောက်မှု အတိုင်းအတာတွေ တစ်ဖက်သတ် ဆန်ခဲ့မိပေမဲ့
ပြောင်းလဲခွင့် မရှိတဲ့ အစဉ်အလာ တစ်ခုအောက်မှာ
ရောက်လာမယ်.သက္ကရာဇ် တစ်ခုခုကို
တိတ်တိတ်လေးပဲ ကြိုလိုက်တော့မယ်။

စစ်မှန်တဲ့ ချစ်ခြင်းတွေ
အပြစ် ကင်းဖို့ သက်သက် နှင့်ပဲ
ဟက်တက်ကွဲ နာကျင်မှု ဒဏ်ကို မျိုသိပ်ရင်း
မျှော်လင့်ခြင်း လမ်းကျဉ်းလေးထဲမှာ
အေးခဲစွာ ရှင်သန်ရဦးမယ်။

မေးခွန်းတွေ အထပ်ထပ်နှင့်
အဖြေ မထွက်တဲ့ အဖြစ်
တစ်ဖက်သတ် ဆိုးရွားမှု ဒဏ်ရာမှာ
ဝိုးတ၀ါး အိမ်မက်တွေ နှင့်သာ သံသရာရှည်ရတော့မယ်။

ကံကြမ္မာ ခေတယ်လို့ပဲ ဖြေရတော့မှာလား
ပြောပြခွင့်တွေ ဝေးနေသေးသမျှ

ဒီဘ၀...
ဖွင့်ဟ ၀န်ခံခြင်းတွေနှင့် မိုးလင်းခဲ့ရတဲ့ အိမ်မက် ညတွေဟာ
ဘယ်ကာလတွေ အထိ ရှည်ကြာနေဦးမှာလဲ။

0 comments:

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere