သီးသန့်ဖိုင်

ပန်းနုရောင် ဒိုင်ယာရီထဲ

စာမျက်နှာတွေ တစ်ရွက်ပြီး တစ်ရွက်…။

တဖြည်းဖြည်း ကျစ်လျစ်စွာ

အထပ်ထပ် အနည် ကျလာသော သံယောဇဉ်

ဒီဒိုင်ယာရီ တစ်အုပ်က လွဲရင်

သက်သေ ပြစရာရယ် မရှိဘူး၊

ဒီဒိုင်ယာရီထဲမှာ…………..

တွေ့ခွင့် ရသော ရက်စွဲမျာ။

နေရာနှင့် အချိန်များ

စနစ်တကျ…

ပြီးတော့

စကားလုံးလေးတွေ ဟောင်းနွမ်းလွန်းပေမဲ့

ပြောချင်တဲ့ စကား တစ်ခွန်းကိုလည်း

အဲဒီ ဒိုင်ယာရီထဲမှာ

သိမ်း…ဆည်း…ထား။

ဒါ သူ့အတွက်

(အထူးသဖြင့်)

အချစ်ကို မယုံသူ **သူ**အတွက်။


2 comments:

honey said...

သြော် သူက အချစ်ကို မယုံဘူးတဲ့လား

lwansay said...

အချစ်ကို မယုံသူတစ်ယောက် ယုံကြည်လာပါစေဗျာ။ :D

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere