အိပ်ငိုက်နေတဲ့လမင်း

သူစိမ်းတစ်ယောက်ဆိုတဲ့အသိ
ရင်မှာရှိပေမယ့်
နွေးထွေးတဲ့ မေတ္တာ သံယောဇဉ်
ကြိုးတွေနဲ့ ရစ်ပတ်နှောင်ခဲ့
ဘယ်သူဝင်ကာ ကြည့်လို့ သိနိုင်မလဲ.....။Align Center
ဘယ်သူဝင်ကာ ခံစားလို့သိနိုင်မလဲ.....။

အချစ်ဆိုတဲ့အရာ
ဘယ်ကစလို့ ဘယ်ကဖြစ်
အနှစ်အမျိုးမျိုး အဆိုအထွေထွေ
ဘယ်လို ပင်ဆိုကြပစေ.....
နဲခြင်းများခြင်း သချာင်္ ဂဏန်း
တွေကြားမှာ ၅၂၈ နဲ့ ၁၅၀၀
အတိမ်အနက် ယှဉ်ဖို့ခက်၏ ။

တန်ဖိုးများတဲ့ ၁၅၀၀ အချစ်
ခိုဝင်လို့ သံဇဉ်ငြိချိန်
ဟန်ဆောင်မှုတွေနဲ့ ခပ်ဝါ၀ါ ခပ်ညံညံ
စကားလုံးတွေ ကြားမှာ တန်ဖိုးကြီးစွာ
နာကျင်ခဲ့။

၅၂၈ ဆိုတဲ့ အဖြူရောင် ဆေးတစ်စက်
ရောရှက်မှု ကင်းလို့ မာယာ မခြုံ
ရှင်းသန့် ဆုံးလဲ ချစ်ခဲ့ဖူးပြီ။

အဖြူနဲ့ အ၀ါ ကြားမှာ
ကြောက်ရွံ့ စွာ အပြည့်မသာရဲ တဲ့
လမင်း ပါ။

ချိုအီတဲ့ မေတ္တာ ရနံတွေနဲ့
ကမ္ဘာ မြေကို ခြေချ၊
လောဘ ၊ ဒေါသ ၊ အတ္တ ကင်းတဲ့
အဖြူရောင် ချစ်ခြင်းကို ရှာတွေမယ်
ဆိုရင်.........အိပ်ငိုက်နေတဲ့ လမင်းလို မဖြစ်ပါရစေနဲ့......။


**တီလေး(၂.၁၂.၂၀၀၇)ပီတီ**

1 comments:

Anonymous said...

ကဗျာလေးကိ မိုက်တယ်
ကိုယ်ပိုင်ခံစားချက်လေးလား
ရင်ကိုရှတယ်

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere