အထက်တန်းတုန်းက သစ်ရွက်လေးတွေစုဆောင်းတာကိုဝါသနာပါခဲ့တယ်...ဘာလို့လဲဆိုတော့ သစ်ရွက်လေးတွေဟာ နှစ်ရှည်လကြာမှီခို ခဲ့တဲ့ သစ်ပင်ကိုခွဲထွက်ရဲတဲ့ သတ္တိရှိလို့ပါပဲ....အထက်တန်းတုန်းက ကျွန်မနဲ့အရမ်းခင်တဲ့ကောင်လေးတစ်ယောက်ရှိခဲ့တယ်...သမီးရည်းစားလို့မဟုတ်ပဲ...တကယ့်သူငယ်ချင်းကောင်းတစ်ယောက်လိုခင်ခဲ့တယ်..ဒါပေမဲ့ သူပထမဆုံးရည်းစားရတော့ ကျွန်မမှာမရှိအပ်တဲ့ သဝန်တိုမှု ရင်ထဲနာကျင်မှုတွေခံစားခဲ့ရတယ်...(၂)လလောက်နေပြီးသူတို့ပြတ်သွားတော့ ကျွန်မပျော်ရွှင်မှုတွေ သူမသိအောင်ထိန်းချုပ်ခဲ့ရတယ်...ဒါပေမဲ့နောက်တစ်လအကြာမှာတော့
သူဒုတိယမြောက်ရည်းစားရသွားပြန်တယ်....ကျွန်မသူ့ ကိုချစ်တယ်...သူလည်းကျွန်မကိုချစ်တယ်ဆိုတာ ကျွန်မသိတယ်...ဒါပေမဲ့....သူဘာလို့ကျွန်မကိုဖွင့်မပြောသေးတာလဲ....နှစ်ယောက်စလုံးချစ်နေလျက်နဲ့ သူဘာလို့မတုန်မလှုပ်ပဲနေနေသေးလဲ....သူရည်းစားတစ်ယောက်ပြောင်းတိုင်း ကျွန်မရင်တစ်ခါနာရတယ်...ခံစားရတယ်....တစ်ခါခါကိုယ့်ကိုကိုယ်ပြန်သံသယဖြစ်မိတယ်...ကျွန်မကပဲသူ့ ကိုတစ်ဖက်သတ်ချစ်နေတာလား..............
ကျွန်မကိုမချစ်ဘူးဆိုရင်လည်း ဘာလို့ကျွန်မအပေါ်အဲလောက်သဘောကောင်းနေတာလဲ...သူသဘောကာင်းတာတွေဟာ ရိုးရိုးသူငယ်ချင်း ထက်တောင်လွန်နေပါပြီ....လူတစ်ယောက်ကိုချစ်ရတာ ခံစားရလွန်းတယ်.....သူရဲ့အကြိုက်တွေ အကျင့်တွေ ကျွန်မအပေါ်ဆက်ဆံမှုတွေ ကျွန်မကောင်းကောင်းနားလည် နိုင်ခဲ့ပေမဲ့...မိန်းကလေးကပဲအရင်စဖွင့်ပြောရတော့မလား ဆိုတာကိုတော့ကျွန်မ မခန့်မှန်းတတ်ခဲ့ဘူး........ဘာပဲဖြစ်ဖြစ်လေ သူဖွင့်ပြောလာမဲ့ရက်ကိုပဲမျှော်ရင်း… ကျွန်မသူ့ ဘေးမှာပဲရှိနေချင်ခဲ့တယ် သူ့ ကိုပဲ ဂရုစိုက်ချင်တယ် ချစ်ချင်တယ်....ညည သူ့ ဖုန်း..ကိုမျှော်နေရသလိုပေါ့ ...သူဘယ်လောက်ပဲအလုပ်တွေရှုတ် မအားတဲ့ကြားက ကျွန်မအတွက်တော့ အချိန်တစ်ချိန်သူချန်ထားတတ်သေးတယ်ဆိုတာ… ကျွန်မသိနေတယ်လေ.....
ဒီလိုနဲ့စောင့်စားရင်း (၃)နှစ်လုံးလုံးသူကျွန်မဘေးမှာရှိနေခဲ့တယ် ..စောင့်မျှော်ရတာဟာပင်ပန်းလွန်းပါတယ် လက်လွှတ်ချင်ပေမဲ့လည်း ရောက်ရှိလာမဲ့ရက်ကိုကြို …ုတွေးရင်း ဆက်စောင့်မျှော်နေဆဲပါ....ဒီလိုပင်ပန်းခြင်း နာကျင်ခြင်း ပျော်ရွှင်ခြင်း တွေဝေခြင်းတွေဟာ (၃)နှစ်လုံးလုံးကျွန်မနဲ့အတူရှိနေခဲ့တယ်.......
ဒီလိုနဲ့နောက်ဆုံးစာမေးပွဲဖြေဖို့နီးလာတော့ တခြားအခန်းကကောင်လေးတစ်ယောက် ကျွန်မကိုအသဲအသန်လိုက်တယ်...အစတော့ကျွန်မငြင်းဆန်ခဲ့တယ်...တဖြည်းဖြည်းတော့ ကောင်လေးဟာကျွန်မနှလုံးသားရဲ့နေရာတစိတ်တဒေသကိုစိုးမိုးလာခဲ့တယ်....
ကောင်လေးဟာနွေးထွေးတဲ့လေလေးလိုပါပဲ ကျွန်မရဲ့နှလုံးသားသစ်ရွက်ကိုလှုပ်ရှားအောင်တိုက်ခိုက်နိုင်စွမ်းခဲ့တယ်...နောက်ဆုံးတော့ ကျွန်မရဲ့နှလုံးသားတနေရာစာမကတော့ပါဘူး.....ကျွန်မရဲ့ဒဏ်ရာတွေနဲ့ပြည့်နက်နေတဲ့နှလုံးသားသစ်ရွက်လေးကို လေနဲ့အတူ ပျော်ရွှင်မဲ့နေရာကိုကောင်လေးခေါ်ဆောင်သွားနိုင်လိမ့်မယ်…လို့ကျွန်မယုံကြည်မိတယ်လေ.....
သစ်ရွက်လေးသစ်ပင်ပေါ်ကနေကြွေကျခဲ့ပါပြီ သစ်ပင်ကတော့ပြုံးနေတယ် နေခဲ့ပါလို့လဲမတားခဲ့ပါဘူး
'' သစ်ရွက်လေးကြွေတာဟာ လေရဲ့ခေါ်ဆောင်မှုကြောင့်လား သစ်ပင်ကနေခွင့်မပေးလို့လား''
1 comments:
အကြောင်းရင်းကို စဉ်းစားရင်တော့ ကြေကွဲလို့ဆုံးမှာ မဟုတ်တော့ဘူး....
ကံကိုသာ လွှဲချလိုက်ပါတော့ သစ်ရွက်မိန်းကလေးရေ...
Post a Comment