စာရွက်ဗလာပေါ်တွင် မြစ်တစ်စင်းတင် လိုက်ခြင်း.....
စေတနာဖြူစင်
အပင်စိုက်သူ
ရယူနိုင်ရေး
လုံးဝ သူမတွေး။
စိုက်ပျိုးအပင်
သန်ရှင်စေကြောင်း
ရေကိုလောင်းလို့
ပေါင်းကို နုတ်သင်
ထာဝစဉ်
အပင်လန်းဆန်း ညွန့် လူအကြွ
ရင်ထဲတမ်းတ အိမ်မက်လှ
ဖူးလွင်ဝေမည့် သမယ
တွေးမြင်မှန်းဆ အပြုံးဆင်သ
မလိုချင်တော့ ဘာကိုမျှ။
0 comments:
Post a Comment