
ညခင်း ရဲ့ ဘလောဒ် ကိုလာရောက်တဲ့ လူတိုင်း ဗဟုသုတ မှတ်သားစရာလေးများကို လက်ဆောင်းအနေနဲ့ ပေးချင်ပါတယ်။အကျိုးရှိတဲ့ ရေသားခြင်းမျိုးဖြစ်အောင်လဲညခင်း
ကြိုး
မွေ့ရာ၊သို့မဟုတ် ညီညာပြန့်ပြူးသော ခုတင်ပေါ်တွင် ဖျာခင်း၍၄င်း၊ အိပ်ခန်းသည်လည်း အိပ်ရာ ကဲ့သို့ သန့်ရှင်းနေရမည်။ခြင်၊ယင်၊ပိုဟပ်၊ကြွက်စသည့်တို့ကင်းရှင်းရမည့်အပြင် ပတ်ဝန်းကျင်၏ ဆူညံသံများလည်း ကင်းဝေးရပါမည်။ အိပ်ခန်းအတွင်းလေပြေလေညင်း ကလေးသာဝင်လာ သင့်ပါသည်။ ဒါတွေကတော့ အိပ်စက်မဲ့ဝန်းကျင်အတွက်ပါ။
ဦးနောက် ဗလောင်ဆူနေစဉ် အတင်းအိပ်စက်ခြင်းမလုပ်ပါနှင့်၊ ဥပမာအားဖြင့် စာအုပ် တစ်အုပ်ကို ဇွဲနပဲဖြင့် အပြင်းအထန်ဖတ်ခြင်း၊ သို့မဟုတ် အကြောင်းအရာတစ်ခုခုကို အလွန် အကျွံစဉ်းစားခြင်း တို့ကြောင့် ဦးနှောက်တွင် အလုပ်များစွာ လုပ်ဆောင်နေရပါသည်။ ထိုအချိန်မျိုးတွင် အတင်းအိပ် စက်ခြင်းမျိုး ပြုလုပ်ရန်မသင့်ပေ၊ ထို့ကြောင့် ခေတ္တနားပြီး ဦးနှောက်ကြည်လင်သွားမှသာအိပ်ရာသို့ဝင်သင့်ပါသည်။လူတစ်ဦးသည် တစ်နေ့လျှင်(၈)နာရီ (၆)နာရီအိပ်သင့်သည်ဟုအမျိုးမျိုးအဆိုရှိကြပါတယ်။ သို့သော် အိပ်သည့်အချိန်ကလေးတွင် နှစ်နှစ် ခြိုက်ခြိုက် စိတ်လက်ပေါ့ပါးစွာအိပ်ဖို့လိုပါတယ်။
လူတစ်ခုပူမှုရယ်တဲ့အထွေထွေ ဆိုသည့်အတိုင်း လူတိုင်းလူတိုင်းသည် လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး ၊သားရေးသမီးရေး စသည်တို့ဖြင့် အပူပေါင်းမြောက်မြားစွာ ရှိပါသည်။ ပူပင်သောကဖြင့် အိပ်စက်ခြင်းသည် ကျန်းမာသောအိပ်စက်ခြင်းမျိုး မဖြစ်နိုင်ပါ။အပူအပင်များ လျော့ပါးသွားစေရန် အိပ်ရာမ၀င်မီ မိမိတို့ဘာသာအလိုက် ဆုတောင်းခြင်း၊ ဘုရားဝတ်ပြုခြင်း၊ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်း ပြုလုပ်ပြီးသောကများလျော့ပါး သွားမှအိပ်ရာဝင်မည် ဆိုပါကကျန်းမာသော အိပ်စက်ခြင်းကို ရနိုင်ပါသည်။
အချို့သူများသည် ညဥ့်နက်မှအိပ်စက်ပြီး နံနက်တွင်နောက်ကျမှထကြသည်။ထိုကဲသို့အိပ်စက်ခြင်း မျိုးမှာ ကျန်းမာရေးနှင့် ညီညွတ်ခြင်းမရှိပါ။ထို့ကြောင့်***စောစောအိပ်လို့၊စောစောထလို့၊ စောစောလမ်းလျှောက်ကြ ပါစို့*** ဟုဆော်သြရင်း ကျန်းမာရေးအတွက် အလွန်ကောင်းမွန် နည်းလမ်းလေးကို ရေးသားတင်ပြ လိုက်ရ ပါတယ်.…။
2 comments:
ညခင်းနဲ့ လမင်းရေ...
စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့ ဆိုတာ ကြားတော့ကြားဖူးတယ်...
ကျန်းမာရေးအတွက်တော့ ကောင်းမယ်နော်
ကောင်းလိုက်တဲ့ ပိုစ့်ဗျာ။ ဝေမျှပေးတာကျေးဇူးတင်တယ်။ ကျနော်လည်း ဘလော့ဂ်စိတ်နဲ့ အအိပ်ပျက်နေတာကြာပြီဗျ။ တစ်ခါတစ်လေ အိပ်မရရင် တောက်လျှောက်ပဲဗျာ။ အိမ်မက်တွေမက်ရင်လည်း အိပ်ရေးပျက်တတ်တယ်လို့ထင်တယ်။ သီချင်းနားထောင်အိပ်ခြင်းဖြင့်လည်း အိပ်ပျော်နိုင်စေတယ်ဗျ။
Post a Comment