မြန်လွန်းအား ကြီးလို့


တစ်နေ့တွင် ပက်ကျိတစ်ကောင်သည် လမ်းသွားရင်း အမှတ်တမဲ့ ဖြင့် လမ်းဖြတ်ကူးရာ ယင်းပက်ကျိအား လိပ်တစ်ကောင်မှ ကျောလယ်အား ဖြတ်နင်းသွား၏။

လိပ်၏ တက်နင်းခြင်းကိုခံရသော ပက်ကျိသည်နေရာတွင်ပင်သတိလစ် လျက်မေ့မြောသွားလေ၏။

ယင်းပက်ကျိအား နီးစပ်ရာဆေးရုံသို အချိန်မီပို့ဆောင်ပေးရာ ပက်ကျိမှာ အသက်မသေပဲ

ပြန်ကောင်းလာ၏။

ဤ တွင်ဒဏ်ရာရသောပက်ကျိအား ဆရာဝန်မှမေးရာ

ဆရာဝန်။ ။" ကဲ ဖြစ်ပုံကို အစကနေပြောပါဦး။ဘယ်လိုဖြစ်သွားတာလဲ။"

ဤတွင် ဒဏ်ရာရသောပက်ကျိမှပြန်ပြောပုံမှာ

ပက်ကျိ။ ။"အမလေး မပြောပါနဲ့တော့ ဆရာရယ်အဖြစ်အပျက်က မြန်လွန်းအား ကြီးလို့ ကျွန်တော် ဘာကိုမှ မမှတ်မိတော့ပါဘူး"

ဟုပြန်ပြောလိုက်လေသည်။

0 comments:

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere