ရေထဲက အရိပ်



အမဲတစ်တုံးကို ရရှိလိုက်တဲ့ခွေးတစ်ကောင်ဟာ အေးအေးဆေးဆေး စားဖို့ပါးစပ်ထဲ ကိုက်ချီပြီး အိမ်ယူလာသတဲ့။

ဒီလိုနဲ့ အိမ်အပြန်မှာ ရေစီးနေတဲ့ချောင်းကို ဖြတ်ဖို့ သစ်သားကူးတံတားပေါ်ရောက်လာရောတဲ့။ ချောင်းကို ဖြတ်ကျော်ရင်း သူငုံ့ကြည့်လိုက်တယ်လေ။ အောက်မှာ ရေထဲကသူ့အရိပ်ကို မြင်ရင်ပဲ အခြား ခွေးတစ်ကောင် အမဲတုံးတစ်ခု ချီလာတာလို့ ထင်မှတ်သတဲ့။

ဒီအမဲတုံးကိုလည်း သူပဲရချင်တယ်ပေါ့ကွယ်။

ဒါနဲ့ ရေထဲကအရိပ်ဆီ သူဟပ်လိုက်ရော၊ ဒါပေမယ့် သူ့ပါးစပ်ဟလိုက်တဲ့ အခါမှာ ကိုက်ချီလာတဲ့ အမဲတုံးကျသွားသတဲ့၊ ရေထဲနစ်မြုပ်သွားတာ ဘယ်လိုမှ ပြန်မတွေ့တော့ဘူးပေါ့။

အရိပ်ကို အာသာငမ်း မိသဖြင့် အကောင်ကို လက်လွတ် မဆုံးရှုံးဖို့ ဆင်ချင်ပါ။

0 comments:

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere