ကိုယ်ကိုယ်ကို အမုန်း (၁၀)ချက်

ကျော်ဟိန်း ရဲ့ အကြွေး ဇာတ်ကားလိုပေါ့… ၁၀ နှစ် ကြိုးစားလိုက်ရတယ်။
လောကမှာ လူရယ်လို့ ဖြစ်လာကြရင် ချစ်လဲ ချစ်တတ်ကြမယ်။ မုန်းတတ်ကြမယ်။ အချစ်နဲ့ အမုန်းနဲ့ မကင်းတဲ့ သူဆိုတာ မရှိကြပါဘူး။သူများကို ချစ်တဲ့အချစ်နဲ့ အမုန်းသာ စာဖွဲ့လို့မကုန်တာ …ကိုယ်ပါကိုယ် မုန်းတဲ့အမုန်းကြတော့ တော်တော့ကို ဆွဲထုတ်ရတယ်။ ထွက်လာတော့ လဲ အများကြီးဘဲ…မနဲ့ ရပ်ထားရတယ်…။ ညခင်း နဲ့ လမင်းကို အစ်ကို အရုပ်ကလေးက တက်စ် ထားတာ ကြာပါပြီ။ ညခင်းဆို အကြွေးဆို လိုက်တောင်းတာ ရေးပေးရေးပေးနဲ့…အဲလို… လိုက်မတောင်းတာ ကျေးဇူး။ဟဟဟ
ကဲစပြီ…
အဲလို မုန်းဖို့ကောင်းတာ….
(၁) သံယောဇဉ်ကြီးတတ်ခြင်း။ ( ဒီအားနဲချက်ကြောင့်သူများနှိပ်ကွပ်တာ အမြဲခံရ)
(၂) စွဲလမ်းတတ်ခြင်း၊ ( အင်တာနက်ကြီးကို တမျိုးမထင်လိုက်နဲ့ ဟီး)
(၃) လိုချင်တာကို မရမခြင်း ညအိပ်မပျော်တတ်ခြင်း။
(၄) သူများမျက်နှာ ညိုရင် မနေတတ်ခြင်း၊ (မုန်းဘို့ကောင်းတယ်…ငါကိုများ စိတ်ဆိုးနေလား)
(၅) ကိုယ်ခံစားချက်ထက် သူများ ခံစားချက်ကို ကြည့်ပေးတတ်ခြင်း။ (သူငယ်ချင်းများနှင့် အချိန်ကုန်ဆုံးမှန်းမသိ ကုန်ဆုံးနေတတ်ခြင်း)
(၆) အထွန့် တက်တတ်ခြင်း၊ (လူကြီးက ပြောလိုက်ရင် နဲနဲတော့ပြန်ပြောလိုက်ရမှ မကောင်းဘူး မုန်းတယ်)
(၇) စိတ်ဆိုးသင့်တာမျိုးကို မစိတ်မဆိုးဘဲ ခွင့်လွတ် တတ်၍၊ အသေးအဖွဲ ကိစ္စ မျိုးမှာကျ မှ စိတ်ဆိုးတတ်ခြင်း၊
(၈) ပြောသင့်သည်ဟု ထင်လျှင် မည်သူမျက်နှာကို မှ မကြည့်… ဒုတ်ထိုး အိုးပေါက် ပြောတတ်ခြင်း။(တဘက်သားခံနိုင်မခံနိုင်…နောက်မှတွေးမိ)
(၉) မိန်းကလေး မဆန်ခြင်း၊ (အတွေးအခေါ်အယူအဆ၊ လက်တွေဆန်ခြင်း တွေက ယောင်္ကျားလေး တစ်ယောက်နှင့် မခြား)
(၁၀) အသိခေါက်ခက် အ၀င်နက်ခြင်း၊ ပြုပြင်သင့်တာများကို ပြုပြင်ရမှာ ၀န်လေးတတ်ခြင်း။
အဲလို မုန်းဖို့ကောင်း ပါတယ်…ရှောင်ရှားကြပါကုန်…။

0 comments:

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere