အကြံပိုင်တဲ့ရွှေကျီး

ရေဆာလွန်းလို့ သေလုမျောပါး ဖြစ်နေတဲ့ ကျီးတစ်ကောင်ဟာ ကရားတစ်ခုကို တွေလေရာ၊ ဒီကရားမှာအရင်ကတော့
ရေအပြည့်ပဲ ပေါ့၊ ဒါပေမယ့်ကျီးငှက်ဟာ ကရားထဲနှုတ်သီးသွင်းလိုက်တဲ့ အခါ ရေနည်းနည်းပဲ ကျန် တာတွေ့သတဲ့။
ရေကိုသောက်ဖို့ သူမတတ်နိုင်ဘူးလေ၊ အခါခါကြိုးစားပေမယ့် နောက်ဆုံးမှာ စိတ်ပျက်စွာ လက်လျှော့လိုက်ရတယ်။
ဒါနဲ့ အကြံတစ်ခုရပါရော၊ သူဟာကျောက်စရစ်ခဲ တစ်ခုကို ယူပြီး ကရားထဲချလိုက်သတဲ့။

ပြီးတော့နောက်တစ်ခုကိုယူပြီး ကရားထဲချလိုက်တယ်။
ပြီးတော့နောက်တစ်ခုကိုယူပြီး ကရားထဲချလိုက်တယ်။
ပြီးတော့နောက်တစ်ခုကိုယူပြီး ကရားထဲချလိုက်တယ်။
ပြီးတော့နောက်တစ်ခုကိုယူပြီး ကရားထဲချလိုက်တယ်။
ပြီးတော့နောက်တစ်ခုကိုယူပြီး ကရားထဲချလိုက်တယ်။

နောက်ဆုံးမှာ
ရေဟာသူနဲ့ နီးလာတာတွေရသတဲ့။ နောက်ထပ်ကျောက်စရစ်ခဲ နှစ်လုံးသုံးလုံး ချလိုက်ရင်ပဲ
ရေဆာလောင်နေတာကို အငတ်ပြေသွားရပြီး သူအသက်ရှင်ခဲ့လေသတဲ့။
တဖြည်းဖြည်းဖြင့် အောင်နိုင်ရာသည်။

0 comments:

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere