မင်းသိနိုင်မှလား

စိတ်ညစ်တယ် --

ဒီစကားတွေ ရင်မှာတော့

မရေတွက်နိုင်အောင် ရွှတ်နေမိတယ်...

စာရွှက်ပေါ်မှာရေးချဖို့  ခံစားချက်မရှိတဲ့

ဒီနေ့  စိတ်ညစ်တယ်ဆိုတာကို

အကြိမ်ပေါင်းများစွာရေးနေမိတယ်

ငါစိတ်ညစ်နေတယ်

မင်းသိနိုင်မှလား

ငါကုစားနေတဲ့  စိတ်ညစ်မှုတွေ ဒီနေ့ 

ဗလပွနဲ့ပြန်ရနေတယ်

ဘယ်တော့ ပျော်ရွှင်မှာ ငါကိုငါမေးနေမိတာ

ငါမယုံကြည်တဲ့အရာတွေ

မျှော်လင့်ခြင်းတွေက

ငါပြောခဲ့တဲ့စကားတွေက အလကားလား

ငါဘယ်သူကို ယုံကြည်ရမှာလဲ

ငါ သိပ်မုန်းတဲ့ စရိုက်

မင်းသိအောင် ပြောပြခဲ့

အကြိမ်တိုင်းမရေတွက်နိုင်ဘူး

မင်းနားလည်ပေးတယ်ဆို

ငါဘ၀နဲ့  အမှောင်ဆုံး အချိန်တွေကိုတောင်

ငါ မင်းရှေ့မှာ ဒူးထောက်ပြောခဲ့ဘူးတာ

ငါဘယ်လိုထပ်ပြီးယုံကြည်ရမှာလဲ

ပြောပြရမှာလဲ၊ပြောပြရဲမှာလဲ

ငါ စိတ်ညစ်နေရင် အမြဲအားပေးနေမယ်တဲ့

မင်းရဲ့စကားသံတွေ

အခုတော့ဘာတွေ လဲ

မင်း ယုံကြည်ထားတာဘာလဲ

ဝေးလွင့်ခြင်း

ငါစိတ်ညစ်တယ်

ငါစိတ်ညစ်တယ်

ငါစိတ်ညစ်တယ်....။




0 comments:

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere