ကြောင်မှန်းသိဖို့ ကြွက်သက်သေ။

ကြောင်မ တစ်ကောင်ဟာ ချောမောလှပတဲ့ လူရွယ်တစ်ယောက်ကို ချစ်မိလို့ အက်ဖရိုဒိုက်နတ်သမီးဆီမှာ သူ့ကို မိန်းကလေးအဖြစ်ပြောင်းလဲပေးဖို့ ဆုတောင်းပါတယ်။ နတ်သမီးက သူ့ရဲ့ အချစ်နာကျနေတဲ့ပုံကို သနားတာကြောင့် ချောမောလှပတဲ့ မိန်းကလေးအဖြစ် ဖန်ဆင်းပြောင်းလဲလိုက်တယ်။

လူရွယ်ဟာ မိန်းကလေးကို မြင်တဲ့အခါ ချစ်ကြိုက်သွားပြီး လက်ထပ်လိုက်တယ်။ သျှောင်နောက် ဆံထုံးပါ ဆိုသလို သူ့အိမ်မှာ လိုက်နေရတယ်။

အိမ်မှာ သူတို့နားနေခိုက် အက်ဖရိုဒိုက်နတ်သမီးဟာ လူမိန်းကလေးအဖြစ် ပြောင်းလဲထားတဲ့ ကြောင်ကို လူလိုအသိဥာဏ် ရှိမှ ရှိပါလေစလို့ စူးစမ်းချင်လာတယ်။ ဒါနဲ့ ကြွက်တစ်ကောင်ကို သူ့ရှေ့လွှတ်လိုက်သတဲ့။

သူဟာ လူနဲ့ အိမ်ထောင်ကျနေပြီ ကို ရုတ်တရက် မေ့ပျောက်သွားတယ်။ အိပ်ရာက ချက်ချင်းထပြီး ကြွက်ကို လိုက်ဖမ်းတယ်။ ကြွက်ကို တွေ့ပြန်တော့ စားချင်တာကိုး။ ဒါကြောင့် နတ်သမီးက စိတ်ဆိုးပြီး နဂိုကြောင်ဘ၀ကို ပြန်ဖြစ်စေလိုက်တယ်။

(ဒီလိုပါပဲ။ လူဆိုးတစ်ယောက်ဟာ အပြင်ပန်း ဟန်ပန်ပြောင်းလဲပေမယ့် သူ့အမူအကျင့်ကတော့ ရှိနေဦး မှာ ဖြစ်တယ်။)


ပျော်ရွှင်ကြပါစေ...
ညခင်း

7 comments:

နေဒေးသစ် said...

သူကလည်း ယောကျာင်္းတစ်ယောက်လုံး ရပြီးတာတောင်မှ ဟိုကြွက်ကို သွားသတိရနေရသေးတယ် ဆိုးပ ဆိုးပ ... :D

မသက်ဇင် said...

ညခင်း ရဲ့ လမင်းရေ---
လာဖတ်ပါတယ်---
မူလဇာတိကိုတော့ မဖျောက်နိုင်ဘူးပေါ့နော်--
ိ သနားလိုက်တာ---ကြောင်မလေး--
ကြွက်တကောင်ကြောင့်--လူချစ်သူကို စွန့်လိုက်ရတယ်--
ချင်မင်လျက်---

Welcome said...

မျိုးရိုးဗီဇဆိုတာ ပြောင်းနိုင်ဖို့ ခက်သားပါ။

စိတ်ဝင်တစားဖတ်သွားတယ်။

ခင်မင်လျက်
ဝင်းဇော်
(လင့်ခ်ပြောင်းလိုက်ပါပြီ)

Phyo Evergreen said...

နတ်သမီးကလည်း ဘာမှန်းလည်းမသိဘူး.. သူ့ဘာသာသူအဆင်ပြေနေတာကို.. ဗီဇကတော့ဘယ်ပြောင်းလို့ရမလဲ.. မဗျိုင်းလိုတော့မဖြစ်ဘူးပေါ့ အဟဲဝင်ပွားသွားတယ်..။

ကောင်လေး said...

ကောင်းလိုက်တဲ့ ပုံပြင် ..မွေးရာပါ ဗီဇက ဖျောက်ရခက်ပါတယ် ဆိုတာ ပြလိုက်တာပေါ့ဗျာ..။:-)

အိမ် said...

အင်း.. မှန်ပါ့ဗျာ ဘယ်လောက်ပဲဖုံးကွယ်ထားပါစေ တနေ့တော့
နဂိုဗီဇတော့ပေါ်တာပါပဲဗျာ...။

ဝလုံးဝိုင်းဝိုင်း said...

ဗီဇက ပြောင်းလဲဖို့ ခက်တာတော့ မှန်ပါတယ်။ ဒါပေမယ့် ပြောင်းလဲချိန် တန်လို့ ပြောင်းလဲသွားတော့လဲ ခဏပဲဗျ။ ဒါဟာမှန်တယ်၊ ဒါဟာမှားတယ်.. စတဲ့ အသိတရားတစ်ခု ရသွားချိန်တွေလဲ ရှိတတ်ပါတယ်။

Post a Comment

 
BloggerTheme by BloggerThemes | Design by 9thsphere